မိုင်းပန် အောက်တိုဘာ ၂၂
လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း(လင်းခေး)၌ ကျောင်းအခြေပြု မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟော ပြောပွဲနှင့် လက်တွေ့စမ်းသပ်သရုပ်ပြသပွဲကို အောက်တိုဘာလ(၂၂)ရက် နံနက်(၉)နာရီတွင် အဆိုပါ ကျောင်း၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရမည့်အပြင် မိမိ ပတ်ဝန်ကျင်းတွင် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်ကို ကိုယ်တိုင်ဖြေရှင်းတတ်စေရန် နှင့် ပူးပေါင်းပါဝင် ဆောင်ရွက်တက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း မီးလောင်ခြင်းကို အဓိကဖြစ်စေတဲ့ လောင်စာ၊ အောက်စီဂျင်နှင့် အပူချိန် စသည့် ဓာတ်ပစ္စည်း(၃)မျိုးကြောင့် မီးလောင်မှု ဖြစ်ပေါ်စေနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲလင်းထွေးက မီးလောင်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးသတ်ဝတ်စုံများအကြောင်း သိကောင်းစရာများ၊ မီးသတ်ဆေး ဘူးဖြင့် မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်နှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားပြီး မီးလောင်ကျွမ်းမှုဖြစ်လျှင် ကြိုတင်ကာကွယ် ငြှိမ်းသတ်နည်းစနစ်များတို့ကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများတို့မှ မီးငြှိမ်း သတ်မှုများကို စိတ်ဝင်တစားဖြင့် လက်တွေ့လေ့ကျင့် ဆောင်ရွက်စေခဲ့ပါသည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံ ပညာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၏ ကျောင်းသားမိဘများ နှင့် နံနက် ၁၀ နာရီက ကျင်းပလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းကွယ်မှ ကျောင်းသား/သူများအတွက် ပညာရေးအပိုင်း တိုးတက်လာစေရန် မိဘများပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း၊ ကျောင်းတွင်း/ပြင်ခိုက်ရန်ဖြစ်ပွားမှုမဖြစ်ပွားစေရန် တိုက်တွန်းပေးသင့်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဖုန်းအသုံးပြုခြင်း၏ ဆိုးကျိုးများနှင့် ပလတ်စတစ် အသုံးပြုမှုလျှော့ချရေးအကြောင်းကိုလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးအကြောင်းအရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းဟောပြော ခဲ့ကြောင်း သိရသည်။
ဆက်လက်၍မိုင်းပန်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ (၃၂)ကြိမ်မြောက် မြို့နယ်လုံးကျွတ်စုပေါင်းဘုံကထိန်စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့