လင်းခေး ဩဂုတ် ၂၃
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုဦး သည် လင်းခေးမြို့နယ်အတွင်း အပတ်စဉ်စနေနေ့တိုင်းကို ဩဂုတ်လ၂၃ ရက် နံနက် ၇ နာရီတွင် လူထုစုပေါင်းလှုပ်ရှားမှု အနေဖြင့် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ မူလမင်းကွန်း ဇေတဝန်သာသနာ့မာရ်အောင် ကမ္မဋ္ဌာန်းကျောင်းတိုက်၌ သန့်ရှင်းသာယာလှပရေးအတွက် တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ/စစ်သည်များ၊ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ စုစုပေါင်း အင်အား(၃၂၄)ဦးခန့်ဖြင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြောင်း သိရှိရသည်။
ထို့နောက် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန် ကျေးရွာ၊ အလက(ခွဲ)(ပုန်းထွန်း)စာသင်ကျောင်း၌ ညနေ(၄)နာရီခွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနား ကျင်းပခဲ့ပါ သည်။
ရှေးဦးစွာ မြို့နယ်မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) နည်းပညာဆိုင်ရာကြီးကြပ်မှု အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က လင်းခေးမြို့နယ်အနေဖြင့် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးရမည်ဖြစ်ပြီး မဲပေးရာတွင် အခက်အခဲမရှိ၊ ပွင်းလင်းမြင်သာမှုရှိခြင်း၊ ပယ်မဲမရှိခြင်းနှင့် မိမိပေးလိုက်လွှတ်တော်အလိုက် ပါတီများ၏ မဲရလဒ်အခြေအနေကို မဲရုံပိတ်ပြီးသည့်အချိန်တွင် သိရှိနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်းကပ်ထားသည့်အချိန်တွင် မိမိတို့၏ အမည် စာရင်းပါ/မပါ ကြည့်ရှုကြရန်နှင့် မပါရှိပါက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲထံသို့ လျှောက်ထားကြရန်၊ မဲရုံသို့လာရောက်စဉ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြား ယူဆောင်လာကြရန်နှင့် ကတ်ပြား မထင်မရှား၊ ပျက်စီး၊ ပျောက်ဆုံး သို့မဟုတ် အသက်(၁၈)နှစ်ပြည့်ပြီး တစ်ကြိမ်တစ်ခါမျှ မပြုလုပ်ရေးသေးသူ များကို မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ဆန္ဒပြုခန်းသို့ ရောက်ရှိစဉ် အချက်ပေး မီးလင်းပြီးမှ ဆန္ဒပြုခလုတ်(အပြာရောင်ခလုတ်) တစ်ကြိမ်သာ မဲပေးနိုင်ပြီး မိမိဆန္ဒမဲပေးလိုက်သည့် ပါတီမှန်ကန်မှုရှိ/မရှိအား မဲပုံး၌ (၃)စက္ကန့်မြင်တွေ့နိုင်ပါကြောင်း မြန်မာဘာသာ/ ရှမ်းဘာသာဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများနှင့် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် စက်ကိုင်သူအဖြစ် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများတို့သည် ဒါးဆိပ်ကျေးရွာနေ မဲဆန္ဒရှင် ပြည်သူတစ်ဦးချင်းစီ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စိတ်ဝင်တစ်စား လက်တွေ့စမ်းသပ်မဲပေးနေမှုအား ရှင်းလင်းပြသပေးခဲ့ကြပါသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး