လင်းခေး ဇန်နဝါရီ ၃
လင်းခေးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို “နွယ်ဝတီ”ခန်းမ၌ ဇန်နဝါရီလ ၃ရက် နံနက်(၉)နာရီ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ပညာရေးစုံညီပွဲတော်ကို ကျောင်းသား/ကျောင်းသူများ၏ ကာယ၊ ဗလ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တ ဆိုသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ပါ ကြောင်း ယနေ့ အခမ်းအနားတွင် ဆုပေးပွဲအခမ်းအနားနှင့် ဖျော်ဖြေရေးကဏ္ဍများ ဖြင့် စည်ကား သိုက်မြိုက်စွာကျင်းပမည်ဖြစ်ပါကြောင်း “ပညာရဲရင့်ပွဲလယ်တင့်”ဆိုသည့်အတိုင်း ပညာတတ်လူငယ် လူရွယ်များအနေဖြင့် နိုင်ငံ့တာဝန်ကို တာဝန်ကျရာအခန်းကဏ္ဍ၌ စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက် သွားကြရန် လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် ကာယ၊ ဥာဏဆုရရှိသူ (၉၅)ဦးတို့အား တာဝန်ရှိသူတို့မှ တစ်ဦးချင်း ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ပြီး အခြေခံပညာကျောင်းပေါင်းစုံမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမတွင် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်ဝန်ထမ်းများ၊ မဲဆန္ဒရှင်ပြည်သူ များနှင့်ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်စမ်းသပ်မဲပေးခြင်း (Rehearsal) ပြုလုပ်သည့်အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့