
လင်းခေး အောက်တိုဘာ၂၁
၂၀၂၅ခုနှစ် ဒီဇင်ဘာ၂၈ရက်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသုံးပြုသွားမည့် မြန်မာအီလက်ထ ရောနစ်မဲပေးစက် MEVMနှင့် ဆက်စပ်ပစ္စည်းများ ပြည့်စုံ မှန်ကန်ပြီး၊ကောင်းမွန်မှုရှိ/မရှိသိရှိနိုင်စေရန်ရည်ရွယ်ချက် ဖြင့်လင်းခေးမြို့နယ်နည်းပညာ အထောက်အကူပြုအဖွဲ့ဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုး မင်းထက်၊ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများသည် အောက်တိုဘာလ(၂၁)ရက် နံနက်၉နာရီခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVMနှင့်ဆက်စပ်ပစ္စည်း များအား ဖွင့်ဖောက်စစ်ဆေး ခြင်းကို လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစစ်ဆေးခြင်းအား မပြုလုပ်မီ မြို့နယ်အုပ်ချုပ် ရေးမှူးက မကြာမီကျင်းပ တော့မည့်ရွေးကောက်ပွဲတွင် လင်းခေးမြို့နယ်သည် အပိုင်း (၁)၌ပါဝင်ပါကြောင်း၊ထို့ ကြောင့်မြို့နယ်မဲဆန္ဒရှင်ပြည် သူများMEVMစက်ဖြင့်မဲပေး ရာတွင်အခက်အခဲမရှိစေရေးနှင့် မဲပေးစက်၌ပါဝင်ရမည့် ဆက်စပ်ပစ္စည်းများအားလုံး သတ်မှတ်အရေအတွက်အ တိုင်းပါဝင်မှုရှိမရှိ၊ကောင်းမွန် မှုရှိမရှိ၊မဲပေးစက်ပါ ကုတ်နံ ပါတ်များကိုက်ညီမှုရှိမရှိ စသည်တို့ကို စနစ်တကျစစ် ဆေးပေးသွားကြပါရန် အဖွဲ့ ဝင်များအားတိုက်တွန်းပြော ကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ရွေး ကောက်ပွဲအရာရှိဦးချိုနိုင်က လင်းခေးမြို့နယ်တွင်လျာထား မဲရုံ(၃၈)ရုံ၊လွှတ်တော်(၃)ရပ် နှင့်တိုင်းရင်းသားလူမျိုးအ တွက်(MEVM)မဲပေးစက် (၂၃၆)လုံးအသုံးပြုသွားမည် ဖြစ်ပါကြောင်း၊မဲပေးစက်၌ ပါဝင်သည့် ပစ္စည်းစာရင်း များ၊စစ်ဆေးချက်မှတ်တမ်းအချက်အလက်များကို အသေးရှင်းလင်းပြသပေးခဲ့ပါသည်။
ယင်းနောက် မြို့နယ်နည်းပ ညာအထောက်အကူပြုအဖွဲ့၏ မဲပေးစက်ဆိုင်ရာများစစ်ဆေးနေမှုအခြေအနေအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့ နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဌဦးမင်းလွင်နှင့် တာဝန်ရှိသူတို့က လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့