
လင်းခေး နိုဝင်ဘာလ ၁၈ ရက်
လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ ပရိယတ္တိ စာသင်တိုက်၌ (၂၅)ကြိမ်မြောက်၊ “ငွေရတုအထိမ်းအမှတ်” ဝမ်ဟတ်တိုက်နယ် ဓမ္မစကူးလ်သင်တန်း ဆင်းပွဲနှင့် ၂၁၂၀ခုနှစ်၊ ရှမ်းနှစ်သစ်ကူးပွဲတော် မုခ်ဦးဖွင့်ပွဲအား နိုဝင်ဘာလ(၁၈)ရက် နံနက်(၇)နာရီက အဆိုပါကျောင်းတိုက် အဝင်မုခ်ဦး၌ ကျင်းပခဲ့ရာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တစာရိန္တအမှူးပြုသော သံဃာတော် အရှင်သူမြတ်များ၊ တပ်နယ်(လင်းခေး) တပ်နယ်မှူး ဗိုလ်မှူးကြီးကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။
ထို့နောက် အဆိုပါကျောင်းဝင်းတွင်း၌ ဓမ္မစကူးလ်သင်တန်း ဆရာ၊ ဆရာမများက“ဓမ္မစကူးလ်”တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃနာယကအဖွဲ့၊ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရ ထံမှ ဩဝါဒခံယူခဲ့ပါသည်။ ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်က ဓမ္မစကူးလ် သင်တန်းအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ယင်းနောက် တပ်နယ်(လင်းခေး) တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူတို့က ဓမ္မစကူးလ် သင်တန်းနည်းပြ ဆရာ၊ ဆရာမ (၂၇၀)ဦး၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူ(၁၇၀၃)ဦးတို့အား ဂုဏ်ပြု သင်တန်းဆင်းလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ရှမ်းနှစ်သစ်ကူး ပွဲတော်အထိမ်းအမှတ် ရှမ်းရိုးရာအကအလှဖြင့် ကပြဖျော်ဖြေခဲ့ကြပါကြောင်းသိရှိရသည်။
ထို့နောက် ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် နံနက်(၁၀)နာရီခွဲတွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်တွင် တက္ကသိုလ်တက်ရောက်နေမည့် ကျောင်းသား/သူ(၃)ဦးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှပေးပို့သည့် ကြိုတင်မဲပုံး(၆)ပုံး၊ ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်(၁၁)စောင်၊ကြိုတင်မဲပုံး(logo)စာရွက်(၆)ရွက်၊လုံခြုံရေးကြိုး(၂၄)ချောင်း၊ ဘောပင်(၁)ထုပ်၊ ဆန္ဒပြုခန်း(ကတ်ထူ)UECတံဆိပ်ပါ(၆)ခန်းတို့အား ပျက်စီးပျောက်ဆုံးမှုမရှိစေရေးထိန်းသိမ်းဆောင် ရွက်နိုင်ရေး လွှဲပြောင်းလက်ခံပုံစံများဖြင့် ဟိုမိန်းမြို့နယ်မြေ ရဲတပ်ဖွဲ့စခန်း၌ လုံခြုံစွာသိမ်းဆည်း ထားရှိရန် ရပ်/ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူးတို့နှင့်အတူ သွားရောက် လွှဲပြောင်းဆောင်ရွက်ခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး