လင်းခေး ဇန်နဝါရီ ၉
၂၀၂၆ခုနှစ်၊ (၇၉)နှစ်မြောက် “ရှမ်းပြည်နယ်နေ့” အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ရှမ်းတိုင်းရင်းသားရိုးရာအကပဒေသာ ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၉ ရက် နံနက်(၁၀)နာရီ လင်းခေးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က (၇-၂-၂၀၂၆)ရက်နေ့တွင် ရောက်ရှိမည့် “ရှမ်းပြည်နယ်နေ့” အခမ်းအနားကို အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ကော်မတီများ၊ ဆပ်ကော်မတီများ ကို ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်သဖြင့် ယခင်နေ့ အတွေ့အကြုံများကို သင်ခန်းစာများကို အခြေခံ၍ ယခု နှစ်တွင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် တာဝန်ကျရာ အခန်းကဏ္ဍများ၌ အင်တိုက် အားတိုက် ဆောင်ရွက်ပေးကြရန်၊ ရှမ်းတိုင်းရင်းသားရိုးရာ အကပဒေသာ ဖျော်ဖြေပွဲနှင့် ပြိုင်ပွဲသို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ဝင်ရောက်ယှဉ်ပြိုင်မည့် အဖွဲ့အရေအတွက် တင်ပြကြရန်၊ အခက် အခဲရှိပါက အချိန်နှင့်တပြေးညီတင်ပြကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ သိရှိ လိုသည်များ မေးမြန်မှုအပေါ် ပြန်လည်ရှင်းလင်း ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။ ဆက်လက်၍ လစဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပြီး အထက်ဌာနများ၏ လမ်းညွှန်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ဌာနတစ်ခုအလိုက် တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်းခဲ့ပါသည်။
ထို့နောက် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ် ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာ အုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒု-မဲရုံမှူးများ စုစုပေါင်း(၈၅)ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်က အဖွင့်အမှာစကားပြောကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်/ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒု-မဲရုံမှူး များတို့မှတစ်ဦးချင်း မိတ်ဆက်ခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအားရှင်းလင်းတင်ပြ၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးသည် မိုင်းပန်မြို့၊ အနောက်ရပ်ကွက်ရှိ မြို့နယ်စဝ်ကောလီခန်းမတွင် ထိန်းသိမ်းထားရှိသော MEVM မဲပေးစက်များအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီးသို့ တာဝန်ခံသယ်ယူပို့ဆောင်ကြမည့် မဲရုံမှူး/ဒုမဲရုံမှူးများနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမဲရုံအလိုက် ကြီးကြပ်ရေးတာဝန်ချထားပေးသော မြို့နယ်အဆင့်ဌာနဆိုင် ရာများအားတွေ့ဆုံ၍ MEVM မဲပေးစက်များသယ်ယူပို့ဆောင်ရာတွင် ပျောက်ဆုံး/ပျက်စီးမှုများ မရှိစေရေးနှင့် သက်ဆိုင်ရာမဲရုံအသီးသီးသို့ အချိန်မီရောက်ရှိစေရေး လိုအပ်သည်များမှာကြား ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
