ဟိုမိန်း နိုဝင်ဘာလ ၃ ရက်
ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည်၁၃၈၇ခုနှစ်၊ (၃၇)ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲကို နိုဝင်ဘာလ၃ရက် နေ့လည်၁နာရီတွင် ကျင်းပရာ အမှတ်(၁)ရပ်ကွက်၊ဝိသုဒ္ဓိဘုန်းတော်ကြီးကျောင်းသို့လှုပ်ရှားအမှတ်(၃)စစ်ဗျူဟာ၊ မြို့အဆင့်ဌာန ဆိုင်ရာ၊ ဌာနေပြည်သူ့စစ်( SSS )အဖွဲ့နှင့် ရပ်ကွက် / ကျေးရွာအုပ်စု အသီးသီးမှ လှူဒါန်းသော
ပ‌ဒေသာပင်စုစုပေါင်း(၂၅)ပင်အား မြို့ပေါ်အမှတ်(၁၊၂၊၃)ရပ်ကွက်အတွင်း စီတန်းလှည့်လည်ရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လိုက်ပါကြီးကြပ်ဆောင်ရွက်ခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှဝေဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး