လင်းခေး စက်တင်ဘာလ ၁၈ ရက်
လင်းခေးမြို့နယ်၊ ဝမ်ဟတ်ကျေးရွာအုပ်စု၊ ဝမ်ဟတ်ကျေးရွာအတွင်းရှိ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ စက်တင်ဘာ(၁၈)ရက် နံနက် ၉ နာရီတွင် ခရိုင်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ်၉၁၈.၇၂၀ သန်းဖြင့် ချယ်ရီမင်္ဂလာကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သည့်(၁၇၄’×၃၂’)(၃)ထပ်RCC စာသင် ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းတိုးတက်မှု အခြေအနေအား ခရိုင်တည်ဆောက်ရေးလုပ်ငန်း စိစစ် ရေးကော်မတီဝင်များ၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ သက်ဆိုင်ရာတာဝန်ခံ အင်ဂျင်နီယာတို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ အထက်ဌာန၏ ညွှန်ကြားချက်များ၊ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ရုံးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရေးအတွက် စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်းကို မွန်းလွဲ၂နာရီတွင် မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသို့ စာရေးဝန်ထမ်း(၃၁)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး