လင်းခေး ဇန်နဝါရီလ ၂၄ ရက်
၂၀၂၅- ၂၀၂၆ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက် နံနက်၉ နာရီတွင် မောက်မယ်မြို့၊ ကုန်းလမ်းရပ်ကွက်၊ (အထက) ကျောင်း၊ နှင်းဆီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆုရကျောင်းသား/ သူများအား ဆုချီးမြှင့်ခြင်းတို့ကို အစီအစဉ်အတိုင်းကျင်းပပြုလုပ်ခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/မများ နှင့်ဆုရကျောင်းသား / သူများစုစုပေါင်း( ၁၅၀ )ဦးခန့်တို့ တက်ရောက်ခဲ့ကြသည်။
ထို့နောက် နံနက် ၉ နာရီခွဲတွင် ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် အမှတ်(၃)ရပ်ကွက်၊ အ.မ.က – မူလွန် (ပန်သပြေ) စာသင်ကျောင်း၌ ကျင်းပပြုလုပ်သော ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား သို့ အမှတ်(၃)လှုပ်ရှားစစ်ဗျူဟာ၊ လင်းခေးမြို့နယ်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသိန်းထွန်းဝင်း၊ မြို့ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/သူမိဘများနှင့်အတူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားဆောင်ရွက်ပြီး ဆုရရှိ သူကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
