‎‎
လင်းခေး ဇန်နဝါရီ ၂၃
 ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးသည် ဇန်နဝါရီလ ၂၃ ရက် နံနက် ၉နာရီခွဲတွင် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၆၈)၊ အကွက်အမှတ်(-)၊ ဦးပိုင်းအမှတ်(-)၊ ဧရိယာ(၁.၀၁)ဧကရှိမြေပေါ်တွင် ၂၀၂၅ – ၂၀၂၆ လိုင်စင် သက်တမ်းအတွက် ဒေါ်နန်းပူး အမည်ဖြင့် ကျောက်ထုတ်လုပ်ငန်းလိုင်စင် တင်ပြလျှောက်ထားသည့် တည်နေရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးနေခြည်၊ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ လုပ်ငန်းလိုင်စင်လျှောက်ထားသူ လုပ်ငန်းရှင် တို့နှင့် အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် မောက်မယ်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ နံနက်(၁၀)နာရီတွင် ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်‌နေ့၌ အောင်မြင်စွာကျင်းပပြီးစီးခဲ့သည့် အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ကျရာ အခန်းကဏ္ဍ၌ အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်ခံယူလျက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့သည့် ဌာနဆိုင်ရာ များ၊ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးမင်းသက်နိုင်မှ အမှာစကားပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး အုန်းနို့ခေါက်ဆွဲ၊ ကော်ဖီမစ်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါကြောင်းနှင့် အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ စုစုပေါင်း (၆၁)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး