လင်းခေး ဇန်နဝါရီ ၁၅
လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ “ပြည်ငြိမ်းအေး” အားကစားကွင်းရှိ အားကစားလေ့ကျင့်ရေးခန်းမ၌ ၂၀၂၅ခုနှစ်၊လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ(ဖလား)ကလပ်ပေါင်းစုံ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက် နံနက်(၈)နာရီခွဲတွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်အနားတွင် ဗိုလ်လုပွဲစဉ်အဖြစ် Langkho City အသင်းနှင့် မိုးနဲ F.C အသင်းတို့မှ ယှဉ်ပြိုင်ကစားနေမှုအား တပ်နယ်(လင်းခး)၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ်၊ ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ အားကစားချစ်သူ ဒေသခံပြည်သူတို့မှ ကြည့်ရှုအားပေးခဲ့ပါသည်။ ဆက်လက်၍ ပထမပိုင်းကစားပွဲနား နေချိန်တွင် အလက(ခွဲ)တောင်ရွာကျောင်းသူများမှ Fitness Dance ဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ခဲ့ရာ Langkho City အသင်း သည် မိုးနဲ F.C အသင်းအား (၆)ဂိုး – (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
ထို့နောက် ပထမဆုရရှိခဲ့သော Langkho Cityအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဖလားနှင့် ဂုဏ်ပြုဆုငွေတို့အား တပ်နယ်မှူးမှ လည်းကောင်း၊ ဒုတိယဆုရရှိခဲ့သော မိုးနဲ F.C အသင်း အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေတို့အား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ လည်းကောင်း၊ပွဲစဉ်အလိုက်အကောင်းဆုံးဆုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁)မှလည်းကောင်း၊ ဂုဏ်ပြုဖျော်ဖြေခဲ့သော အကအဖွဲ့အတွက် ဂုဏ်ပြုဆုငွေအား မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး ၁၀၀၀နာရီ အချိန် တွင် အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ထိုနောက် လင်းခေးမြို့နယ်၊ ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန်ကျေးရွာနေ ဦးစိုင်းလီပါ(၂)ဦးတို့အား မန္တလေးငလျင်ကြီးကြောင့် (၂)ထပ်တိုက် တစ်စိတ်တစ်ပိုင်းပျက်စီးမှုအပေါ် ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရန်အတွက် ညနေ(၄) နာရီတွင် J Wood နှင့် သစ်မာများအစား ငွေသား(၇,၆၈၀,၀၀ဝိ/-)ကျပ်ဖြင့်ထောက်ပံ့ခြင်းနှင့် ဘိလပ်မြေ(၁၁၃)အိတ်၊ သွပ် (၇ပေŒ ၃ပေ) (၂၄) ချပ်တို့အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်တို့မှ အိမ်တိုင် ရာရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။
ဆက်လက်၍ မောက်မယ်မြို့နယ် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင် ကြီးကြပ်မှုဖြင့် မွေတော်ရပ်ကွက်အတွင်း မြို့နယ်ရှမ်းစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်အစီအစဉ်ဖြင့်ဆောင်ရွက်မည့်အလျား(၁၃၅)ပေ၊ အကျယ် (၅)ပေရှိ နမ့်ယွန်းချောင်းကူး ကြိုးတံတားလုပ်ငန်းများ စတင်ဆောင်ရွက်နေမှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ မြို့နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တာဝန်ရှိသူနှင့်အတူ ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
