လင်းခေး ဒီဇင်ဘာလ ၅ ရက်
လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးသည် ဒီဇင်ဘာလ၅ရက် နံနက် ၁၀ နာရီခွဲတွင် လင်းခေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အလိုက် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မဲစာရင်းကပ်ထား ကြေညာဆောင်ရွက်ရာတွင် မဲစာရင်း များမှန်ကန်စေရေး၊ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေးအတွက် တစ်အိမ်တက်/ဆင်း (Door to Door) မဲစာရင်းတိုက်ဆိုင် စစ်ဆေးရေးအဖွဲ့များ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုအခြေအနေအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရာအိမ်မှူး၊ လုံခြုံရေးတပ်ဖွဲ့ဝင်များတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ လင်းခေးမြို့နယ်မီးသတ်ဦးစီးဌာန၌ “အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၅)ဆင်းပွဲအခမ်းအနား” ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် က ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ သင်တန်းဖွင့်လှစ်ခဲ့နိုင်ခဲ့ပြီး စစ်ရေးပြ၊ မီးသတ်ပညာ၊ ရှာ‌ဖွေကယ်ဆယ်ရေး ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပြီးစီးပြီ ဖြစ်ရာ သင်တန်းဆင်းတပ်ဖွဲ့ဝင်များအနေဖြင့် သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ တာဝန်ထမ်းဆောင်ရာတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံမံကြိုးစား တာဝန် ထမ်းဆောင်သွားကြရန် သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတွင် ဆုရရှိသူတို့အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးဟိန်းဝင်းဇော်၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသူတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းထွေးက သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
၎င်းနောက် လင်းခေးမြို့နယ်သည် မြို့(၁)မြို့၊ ရပ်ကွက်(၁၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၄)အုပ်စု၊ ကျေးရွာ (၈၇)ကျေးရွာတို့ဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ(၈၈၀၄)အိမ်၊ ဒုတိယအကြိမ်မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာထားသည့် မဲစာရင်း(၂၁၆၈၅)ဦးတို့အပြင် အကျုံးဝင်သူများ မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် မဲစာရင်းများ မှန်ကန်စေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်စုအလိုက် ဌာနဆိုင်ရာများ၊ ရပ်ကွက် နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရာအိမ်မှူး၊ လုံခြုံရေးအဖွဲ့များဖြင့် ပါဝင်သော အဖွဲ့(၂၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး မဲစာရင်းအပေါ် (၉၅.၃၃)ရာခိုင်နှုန်း တိုက်ဆိုင်စစ်ဆေးနိုင်ခဲ့ပြီး မဲစာရင်း ထပ်မံလျှောက်ထားမှုနှင့် ပြင်ဆင်၊ ကန့်ကွက်ခြင်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ဆက်လက်တင်ပြသွားပါမည်။
ပြီးနောက် မောက်မယ်မြို့၊ ကုန်းလမ်းရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ နံနက်(၉)နာရီတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး( မွမ်းမံ )သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ဆင်းပွဲ အခမ်းအနား အား ကျင်းပပြုလုပ်ခဲ့ရာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊လူမှုရေးအသင်းအဖွဲ့များ၊ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်သင်တန်းသား များအပါအဝင် စုစုပေါင်း(၆၀)ဦးခန့်တို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၇၅) ဦးခန့်တို့နှင့်အတူ တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး