လင်းခေး ဒီဇင်ဘာလ ၃ ရက်
လင်းခေးခရိုင်တည်ဆောက်ရေးလုပ်ငန်းများစိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် ဒီဇင်ဘာလ ၃ ရက် နေ့လည်၂ နာရီခွဲတွင် လင်းခေးမြို့နယ်၊ နားကုန်းကျေးရွာ အုပ်စု၊ နမ့်ဆိုင်းကျေးရွာအတွင်း ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၁၀၅.၀၀ သန်းဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော နမ့်ဆိုင်းရေလွှဲဆည်ညာဘက်ခြမ်းမြေကာနံရံ၊ Basin နှင့် Embankment များ ရေတိုက်စားမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေအား ခရိုင်တည်ဆောက်ရေးလုပ်ငန်းများ စိစစ်ရေးကော်မတီဝင်များ၊ သက်ဆိုင်ရာတာဝန်ခံအင်ဂျင်နီယာများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပါကြောင်း သိရှိရသည်။
ထို့နောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ၊ ဥက္ကဋ္ဌ ၏ဦးဆောင်ကြီးကြပ်မှု ဖြင့် မွေတော်ရပ်ကွက်အတွင်း မြို့နယ်ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့်ပူးပေါင်း၍ မြို့နယ်အစီအစဉ် ဖြင့် ဆောင်ရွက်မည့် နမ့်ယွန်း ချောင်းကူး ကြိုးတံတား ပန္နက်ရိုက်ပွဲအစီအစဉ်ကို နံနက် (၉)နာရီတွင် မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့အဝင်များနှင့်အတူ ကြိုးတံတားပန္နက်ရိုက်ခြင်းကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဖြိုးဇော်စိုး မှ မိုင်းပန် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့သွားရောက်၍ ဒေသခံပြည်သူများ၏လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု ခဲ့ပါသည်။
၎င်းနောက် ဟိုမိန်းမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်သည် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၂၈ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲစာရင်းကပ်ထားကြေညာ ဆောင်ရွက်ရာတွင် မဲစာရင်းများ မှန်ကန်စေရေး၊ မဲဆန္ဒရှင်ပြည်သူများမဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိသူများမဲစာရင်းတွင် ကျန်ရှိမှုမရှိ စေရေးတို့အတွက် တစ်အိမ်တက်/ဆင်းမဲစာရင်း တိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးဆောင်ရွက်ရာတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ(၃)၊ ကန့်ကွက်လွှာပုံစံ(၄)၊ ပြင်ဆင်လွှာ ပုံစံ(၄-ဂ)တို့အားသတ်မှတ်ရက်အတွင်း အချိန်မီ လျှောက်ထားပြီးစီးနိုင်ရေး သက်ဆိုင်ရာရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့နှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
