လင်းခေး နိုဝင်ဘာ ၂၈
လင်းခေးခရိုင် လင်းခေးမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၊ မဲရုံနေရာများသို့ နိုဝင်ဘာလ(၂၈)ရက်၊ နံနက်(၉)နာရီမှစတင်၍ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲလင်းထွေးနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးချိုနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ လိုက်ပါလျက် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိမှုအခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
လင်းခေးမြို့နယ်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင် ကျင်းပ မည်ဖြစ်ပြီး လွှတ်တော်(၃)ရပ်နှင့် တိုင်းရင်းသားလူမျိုးအတွက် MEVM မဲပေးစက်(၂၃၆) အသုံးပြုမည် ဖြစ်ရာ အဆိုပါ MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းထားရှိသောနေရာ၌ မီးဘေး လုံခြုံရေးပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံနှင့် မီးငြိမ်းသတ်ခြင်း၊ မီးသတ် ဆေးဘူး လေပေါင်ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ လျာထားမဲရုံ(၃၈)ရုံနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အဖွဲ့ငယ်များ ဖွဲ့စည်းပြီး စာသင်ခန်း အတွင်း၌ အလင်းရောင် ရရှိမှုရှိ/မရှိ၊ ဝါယာကြိုးနှင့် မီးသီးများ ကောင်းမွန် မှုရှိ/မရှိ၊ လေဝင် လေထွက်ကောင်းမွန်မှု ရှိ/မရှိ၊ မီးသတ်ဆေးဘူး များ သတ်မှတ်ချက်နှင့်ညီညွတ်မှု ရှိ/မရှိနှင့် မီးဘေးလုံခြုံရေးကြိုတင်ပြင်ဆင်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စစ်ဆေးရေးအဖွဲ့မှ အကြုံပြုချက်များ ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပုန်းထွန်ကျေးရွာအုပ်စု၊ ပုန်းထွန် ကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေ ရှိရေးလုပ်ငန်းနေရာသို့ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ဖွံ့ဖြိုးရေးကြီးကြပ်မှုရေးရုံး ဦးစီးအရာရှိ ဦးနေမျိုးအောင်၊ ဒေသခံတောင်သူဦးကြီးများ၊ ဆိုလာစနစ်တပ်ဆင်ရေး တာဝန်ရှိသူတို့က စိုက်ပျိုးရေ ဖြန့်ဝေနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ဆိုလာစနစ်(615 W Solar Panel ၁၂ ချပ်၊ 5.5 HP Submersible Pump)အား ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်(၃၅)သန်းဖြင့် “Fandi Solar” ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ (၁)နာရီလျှင် စိုက်ပျိုးရေ(၁၉၈၂၃.၇၉)ဂါလံ ထွက်ရှိပြီး တောင်သူ (၁၄)ဦး၊ စိုက်ပျိုးဧက(၂၀.၇၄)ဧက အကျိုးပြုနိုင်ကာ သီးထပ်သီးညှပ်များပိုမိုစိုက်ပျိုးနိုင်မည် ဖြစ်ပါသည်။
၎င်းနောက်ဝမ်စလောင်းကျေးရွာအုပ်စု၊ ဝမ်စလောင်းကျေးရွာ၊ ခန့်မှန်းမြေပုံညွှန်း (၉၆၁,၆၉၁)၊ ဧရိယာ(၀.၀၅)ဧက၊ မြေအမျိုးအစား (မြစ်ချောင်း နှင့်ရေအောက်မြေ)၊ သံလွင်မြစ်၌ သဲထုတ်လုပ်ခြင်းလုပ်ငန်းလုပ်ကိုင်ရန် ဦးခွန်တိုးအောင်၊ ၁၃/တတန (နိုင်)၂၁၄၀၃၅ မှ လျှောက်ထားမှုအပေါ် မြို့နယ်အုပ်ချုပ်ရေးမှူး (လက်ထောက်ကော်လိတ္တော်အရာရှိ) ဦးစိုးမင်းထက် ဦးဆောင်၍ မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ) ဦးစိုင်းလင်းထက်မိုး၊ မြို့နယ်မြေ စာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်မှုဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လမ်းဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာပိုင် နယ်နိမိတ် အတွင်းကျရောက်မှုရှိ/မရှိ၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ သဲထုတ်လုပ် ခြင်းကြောင့် ရေလမ်းကြောင်းပြောင်းလဲမှု ရှိ/မရှိ၊ မြို့နယ်သစ်တောဦးစီးဌာန၏ သစ်တောကြိုးဝိုင်း ဧရိယာနှင့် လွှတ်ကင်းမှုရှိ/မရှိ၊ ဘေးပတ်ဝန်းကျင်များမှ ကန့်ကွက်မှုရှိ/မရှိ၊ သက်ဆိုင်ရာဌာနဆိုင် များမှ ကန့်ကွက်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မောက်မယ်မြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင်ရန်အတွက် ခရိုင်( Working Group ) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ လုပ်ငန်းလမ်းညွှန်မှုများနှင့် အညီ မြို့နယ်( Working Group )မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်နှင့်ကော်မတီဝင်များမှ မွေတော်ရပ်ကွက် နှင့် တောင်မြို့ရပ်ကွက်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု မြေပြင်တစ်အိမ်တက်ဆင်းကောက်ယူရေးအဖွဲ့ ( Working Group) များမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးပါသည်။
မိုင်းပန်မြို့နယ်တွင်လည်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများအလိုက် တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ၌ သက်ဆိုင်ရာရပ်/ကျေးအလိုက်သတ်မှတ်တာဝန်ပေးအပ်ထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းများဆောင်ရွက် ခြင်းအပေါ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့်အတူ သွားရောက်ပူးပေါင်းကွင်း ဆင်းကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
