လင်းခေး နိုဝင်ဘာလ ၂၆ ရက်
လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးသည် လင်းခေးမြို့၊ ဝမ်လွိုင်ရပ်ကွက်၊ “ပြည်ငြိမ်းအေး” အားကစား ကွင်းရှိ အားကစားလေ့ကျင့်ရေးခန်းမ၌ နိုဝင်ဘာလ၂၆ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သော ၂၀၂၅ခုနှစ်၊ လင်းခေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ(ဖလား) ကလပ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်း(လင်းခေး)မှ ဘင်ခရာတပ်ဖွဲ့နှင့် ကျောင်းသား/ကျောင်းသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့များ စုစုပေါင်းအင်အား ၃၅၀ ဦးခန့် နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က အဖွင့်အမှာစကားပြောကြားခြင်း၊ စစ်ကြောင်းမှူးမှ ဦးဆောင်၍ အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဦး နှင့်အဖွဲ့ဝင်များတို့မှ ပြိုင်ပွဲဝင်အသင်းများ လိုက်လံနှုတ်ဆက်ခြင်း၊ စစ်ကြောင်းမှူး ဦးဆောင်၍ ပြိုင်ပွဲဝင်အသင်များ ဘောလုံးကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း၊ ရှမ်းတိုင်းရင်းရိုးရာအကအဖွဲ့မှ ကပြဖျော်ဖြေခြင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ မြို့နယ်စီမံခန့် ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ တို့မှ ဘင်ခရာတပ်ဖွဲ့နှင့်ရှမ်းတိုင်းရင်းသားရိုးရာအကအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခြင်းတို့ကို အစီအစဉ်အတိုင်း ကျင်းပခဲ့ပါသည်။ ထို့နောက် ပထမနေ့ ပွဲစဉ်အဖြစ် FSD FC နှင့် မောက်မယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်သည် နမ့်လွတ်ကျေးရွာအုပ်စု မြေဧရိယာ(၁၈.၇၅) ဧက ကျယ်ဝန်းသော လုပ်ကွက်(၁)နှင့် (၈.၉၁၂)ဧက ရှိ လုပ်ကွက်(၂)တို့တွင် ဦးစိုင်းဝမ်းဆိုင်မှ ဂေါ်ဒန်ကျောက် ( စက်မှုတွင်းထွက်ကုန်ကြမ်း ) အသေးစားစမ်းသပ်တိုင်းတာခြင်း လုပ်ငန်း လုပ်ကိုင်ခွင့်ပြုပါရန် လျှောက်ထားတင်ပြလာသည့် လုပ်ကွက်မြေနေရာသို့ နံနက်၉ နာရီက မြို့နယ်မြေစာရင်း ဦးစီးဌာန ၊ မြို့နယ်သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီ တာဝန်ခံ ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
၎င်းနောက် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်မြို့ဝင်/ထွက်စစ်ဆေးရေးဂိတ်၌ နံနက်၁၀ နာရီတွင် ရွေးကောက်ပွဲကာလအတွင်း အကြမ်းဖက်တိုက်ခိုက်၊ ဖောက်ခွဲဖျက်စီးမှုများ မရှိစေရေးနှင့် မြို့လုံခြုံအေးချမ်းသာယာမှုရှိစေရေးတို့အတွက် မြို့နယ်အတွင်းသို့ ဖြတ်သန်း သွားလာသည့် မော်တော်ယာဉ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ ပူးပေါင်းစစ်ဆေးဂိတ်မှ တာဝန်ကျဝန်ထမ်းများနှင့်အတူ စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး