‎လင်းခေး နိုဝင်ဘာလ ၂၄ ရက်
လင်းခေးမြို့နယ်၊ ပင်ဝေါင်ရပ်ကွက်ရှိ ၂၀၂၅-၂၀၂၆ခုဘဏ္ဍာရေးနှစ်၊ ယစ်မျိုးအစီအစဉ်အရ CS-2 ဖိုထွက်တောအရက်ချက်လုပ်ခွင့်နှင့် ဆိုင်ဥပစာအတွင်း သောက်သုံးရန် သို့မဟုတ် ပြင်ပသို့ ယူဆောင်ရန် နိုဝင်ဘာလ(၂၄)ရက် နေ့လည်(၁၂)နာရီက လက်လီရောင်းချခွင့်လိုင်စင်ရရှိထားသော ဦးမဟာဂျာ၏ အရက်ချက်သည့်နေရာသို့ မြို့နယ်ယစ်မျိုးအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ အဖွဲ့ဝင်များလိုက်ပါလျက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်တို့က ကော်လိတ္တော် အရာရှိ၏ ခွင့်ပြုစာဖြင့် အရက်ချက်လုပ်ခြင်း၊ စုဆောင်းထားခြင်းရှိ/မရှိ၊ သတ်မှတ်ပေးထားသည့် ပေါင်းဖိုအရေအတွက်နှင့် သတ်မှတ်ကာလအတွင်း ချက်လုပ်ခြင်းရှိ/မရှိ၊ အရက်ဖိုမှ ထွက်သည့် အရက်မှ တပါး အခြားအရက်များကို ရောင်းချခြင်းနှင့် ရောင်းချသည့်အရက်သည် ၂၅ ဒီဂရီထက် ကျော်လွန်ခြင်း ရှိ/မရှိ၊ ချက်အရက်ကို ကျန်းမာရေးထိခိုက်ပျက်ပြားစေမည့် အခြေအနေဖြစ်အောင် ပြုပြင်ခြင်း၊ အခြားပစ္စည်းနှင့်ရောစပ်ခြင်း ရှိ/မရှိ စသည့် လိုင်စင်စည်းကမ်းချက်များကို လိုက်နာမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထို့နောက် လင်းခေးမြို့၊ ရွာမကြီးအရှေ့ရပ်ကွက်၌ ၂၀၂၅- ၂၀၂၆ခုဘဏ္ဍာရေးနှစ်၊ ယစ်မျိုးအစီအစဉ်အရ FL-12 ကုန်မျိုးစုံ ဆိုင်ပိုင်ရှင်အား မွန်းလွှဲ(၁)နာရီက နိုင်ငံခြားအရက်အမျိုးမျိုး လက်လီလက်ကားရောင်းချခွင့်လိုင်စင် (ဆိုင်အတွင်းအရက်သောက်သုံးခြင်းခွင့်မပြု) ရရှိထားသော ဦးစိုင်းသိန်းဦး၏ နန်းနွန်းခမ်း စားသောက်ကုန်နှင့်ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်နေရာသို့ မြို့နယ်ယစ်မျိုး အကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်ဦးဆောင်၍ အဖွဲ့ဝင်များလိုက်ပါလျက် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်တို့က ကော်လိတ္တော် အရာရှိ၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်နိုင်ငံခြားအရက်ကိုမျှထုတ်လုပ်ခြင်း၊ စုဆောင်ခြင်းရှိ/မရှိ၊ နိုင်ငံခြားအရက်အမျိုးမျိုးမှအပ အခြားမည်သည့် အရက်ကိုမျှ ဆိုင်အတွင်း သိုလှောင်ထားရှိခြင်း၊ ရောင်းချခြင်း ရှိ/မရှိ၊ ဂျင်အရက် (၃၅)ဒီဂရီနှင့် အခြားနိုင်ငံခြားအရက် (၂၅)ဒီဂရီအောက်ရှိ အရက်များကို ဆိုင်အတွင်း သိုလှောင်ထားခြင်း၊ ရောင်းချခြင်း ရှိ/မရှိ၊ ဆိုင်တည်နေရာအတွင်း အရက်ကို ပြုပြင်ခြင်း၊ ပေါင်းစပ်ခြင်း၊ အရောင်တင်ခြင်း အစရှိသည့် မည်သည့်လုပ်ငန်းကိုမျှ ပြုလုပ်ခြင်း ရှိ/မရှိ၊ လိုင်စင် မရှိဘဲ ပုလင်းသွင်းခြင်း ရှိ/မရှိ စသည့် လိုင်စင်ကတ်ပြားပါ စည်းကမ်းချက်များကို လိုက်နာမှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဦးမင်းသက်နိုင်(မြို့နယ်အုပ်ချုပ်ရေးမှူး)၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နံနက်၁၀ နာရီတွင် ဆီဆုံရပ်ကွက်ရှိ ကမ္မဌာန်းကျောင်းတိုက်(၃၉)ကြိမ်မြောက် ဖွင့်လှစ်သည့်တရားစခန်းတွင် မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ( ၂၉ ) ဌာနမှအကြီးအကဲများ ဖြင့် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ပါသည်။
၎င်းနောက် မိုင်းပန်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးဟန်ဇော်မြင့်သည် မိုင်းပန်မြို့နယ်အတွင်း ရွေးကောက်ပွဲ ကာလမဲရုံမီးဘေးလုံခြုံရေး မဲရုံအဖြစ်အသုံးပြုမည့်ကျောင်းများတွင် နံနက်၁၀ နာရီက မီးသတ်ဆေးဘူးများ လုံလောက် စွာထားရှိပေးနိုင်ရေး၊ ထားရှိမည့်မီးသတ်ဆေးဘူးများ လိုအပ်သည့်ဆေးရည်ဖြည့်ခြင်း၊ ပြုပြင်ခြင်းတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်တာ ဝန်ခံပညာရေးမှူးနှင့်အတူ ပူးပေါင်းကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး