လင်းခေး စက်တင်ဘာ ၄
လင်းခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ စက်တင်ဘာ (၄)ရက် နေ့လည်(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ရွက် လျက်ရှိသော ဒေါ်နန်းနွံခမ်း(ထ/၁၅၁၆၀၃)အငယ်တန်းလက်နှိပ်စက်စာရေး၊ ဒုတိယနှစ်(စိတ်ပညာ)၊ တောင်ကြီးတက္ကသိုလ်နှင့် ဒေါ်နန်းခမ်းနွံ(ထ/၁၄၉၄၄၄) ရုံးအကူ၊ နောက်ဆုံးနှစ်(ပထဝီဝင်)၊ ပင်လုံ တက္ကသိုလ်တို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်(အဝေးသင်)တက္ကသိုလ်အသီးသီးတွင် တက်ရောက်မည် ဖြစ် သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အားပေးစကားများပြောကြားပြီး ဝန်ထမ်း(၁)ဦးလျှင် ငွေကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထို့နောက် မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမင်းသက်နိုင် (မြို့နယ်အုပ်ချုပ် ရေးမှူး)သည် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေး နှစ်အတွက် ဦးစိုင်းစွမ်မွန်မိုင်းစင်၏ လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လုပ်ငန်းလိုင်စင်ရရှိရေး လျှောက်ထားလာသည့် ဟိုလွိုင်ကျေးရွာအုပ်စု၊ ပန်တောင်ကျေးရွာရှိ လုပ်ကွက် တည်နေရာသို့ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး