လင်းခေး စက်တင်ဘာ ၂၄
ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး သည် လင်းခေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၂၄ ရက်နေ့လည် ၁၂ နာရီခွဲတွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးနှင့် လင်းခေးခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး ဗိုလ်မှူးကြီး ကျော်ထွန်းလတ် ၊ လင်းခေးမြို့နယ်နှင့်မောက်မယ်မြို့နယ်တို့မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လင်းခေးမြို့နယ်နှင့်မောက်မယ်မြို့နယ်တို့မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများတို့နှင့်အတူ တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ဌာနဆိုင်ရာများမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်ထွန်း က ရွေးကောက်ပွဲလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပါဝါပွိုင့် ဖြင့်ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက် တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင် ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ အဖွဲ့ဝင် ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦး မှ နိဂုံးချုပ်စကားပြောကြား ခဲ့ပါကြောင်း သိရှိရသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ မွန်းလွဲပိုင်း ၃ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး နှင့်အဖွဲ့ဝင်များ တို့နှင့်အတူ မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတို့နှင့်တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး