တောင်ကြီး ဇန်နဝါရီ-၁၉

မြန်မာနိုင်ငံ စာကြညိ့တိုက်များ ဖောင်ဒေးရှင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ပိတ်ပွဲနှင့်ဆုချီးမြှင့်ခြင်းကို ဇန်နဝါရီ(၁၉)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ဇော်အေးက ယခု ကျင်းပလိုက်သည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင်ဝါရင့်စာရေးဆရာကြီးများ၏ ဟောပြောသော စာပေဟောပြော သည့် စာဖတ်သူများပိုပြီး စာဖတ်သည့်အလေ့အကျင့်များ ရှိနေရန်နှင့် စာဖတ်သူမှ စာရေးသူအဖြစ် လေ့ကျင့်နိုင်ရန် အလေ့အကျင့်ကောင်းတစ်ခုရှိလာမည်ဖြစ်ကြောင်း၊ စာကြည့်တိုက် ပညာဆွေးနွေးပွဲသည် ယနေ့ခေတ်နှင့် နည်းပညာပိုင်းဆိုင်ရာများ တိုးချဲ့ဆွေးနွေးကြသောကြောင့် ခေတ်မီစာကြည့်တိုက်ဖြစ်လာရန် စာကြည့်တိုက်မှူးများကို လေ့ကျင့်ပေးလိုက်ခြင်းဖြစ်ပါကြောင်း၊ ယနေ့ပြုလုပ်သော ရှမ်းပြည်နယ်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကြီးသည်ကလေး၊ လူကြီးမကျန် ပါဝင်လှုပ်ရှားကြသောကြောင့်ည ဝမ်းသာဂုဏ်ယူမိပါကြောင်းနှင့် ပါဝင်ဆင်နွှဲကြသော ကျောင်းသား၊ ကျောင်းသူများ၊ စာပေဝါသနာရှင်များအားလုံးနှင့်အတူ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအား အထူးကျေးဇူးတင်ကြောင်းပြောကြားသည်။ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)မှ အမှာစကားပြောကြားပြီး ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးဦးဗိုလ်မောင်မြင့်မှ ပြိုင်ပွဲများကျင်းပမှု အခြေအနေ ရှင်းလင်းကြောင်း သိရသည်။ ထို့နောက် ရှမ်းပြည်နယ် စာဖရှိန်မြှင့်တင်ရေးပွဲတော်တွင် အခြေခံပညာကျောင်းများမှ ကဗျာရွတ်ဆိုနှင့်ကျပန်းစကားပြောတွင် ပထမဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများမှ ပြန်လည်သရုပ်ပြသကြပြီး ဂုဏ်ပြုလက်ဆောင်များ ပေးအပ်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့က မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းအတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်း(၃၀)၊ ရှမ်းပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းအတွက်ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၃၀)၊ မြန်မာနိုင်ငံ စာရေးဆရာအသင်းဥက္ကဋ္ဌ ၊မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)အား ငွေကျပ်(၁၀)သိန်း၊ စာပေဟောပြောပေးပါသောဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) စာရေးဆရာမသျှီ (အင်ကြင်း) ဂုဏ်ပြုလက်ဆောင်နှင့်အထက(၁)ကျောင်းအတွက် ဂုဏ်ပြုဆုငွေနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ဆုများအသီးသီးချီးမြှင့်ပေး၍လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများကိုပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်က ဆုများချီးမြှင့်ပေး၍လည်းကောင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲတွင်ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများကို မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ BookReviewတွင် အကောင်းဆုံး သုံးသပ်ဆွေးနွေးပေးနိုင်သူ တစ်ဦးအားမြန်မာနိုင်ငံ စာကြည့်များဖောင်ဒေးရှင်းမှ နယ်မြေတာဝန်ခံ ဘဏ္ဍာရေးမှူး ဦးဝင်းအောင်တို့က ဆုများအသီးသီးချီးမြှင့်ပေး ကြသည်။
၎င်းနောက် ရှမ်းပြည်နယ် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ကျပန်းစကားပြော၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊စာစီစာကုံး ပြိုင်ပွဲတို့တွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးသည့် တောင်ကြီးမြို့နယ် စာရေးဆရာအသင်းမှစာရေးဆရာ(၈)ဦးနှင့် ပညာရေးမှ ဆရာမ(၄)ဦးတို့အတွက် တောင်ကြီးမြို့နယ် စာရေးဆရာအသင်းမှကိုယ်စားလှယ်တစ်ဦးအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးညွှန်ရွှေကဂုဏ်ပြုလက်ဆောင်များ ပေးအပ်ပြီး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း (ရှမ်းပြည်နယ်)ဥက္ကဋ္ဌဒေါ်မေမေနီက အထက(၁)ကျောင်း စာကြည့်တိုက်၊ ကျပန်းစကားပြိုင်ပွဲတွင် ဆုရရှိသည့်အထကကျောင်း(၄)ကျောင်း စာကြည့်တိုက်များနှင့် ဖာမွန်းကျေးရွာ စာကြည့်တိုက်တို့အတွက် စာအုပ်များလှူဒါန်းပေးကြပြီး ကျောင်းသား၊ ကျောင်းသူများမှ တပင်တိုင်အက၊ ရှမ်းတိုင်းရင်းသား ယိမ်းအကများဖြင့်ဖျော်ဖြေတင်ဆက်ကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံကဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုလက်ဆောင် ပေးအပ်ကြောင်းသိရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး