တာချီလိတ် စက်တင်ဘာ ၂၃
ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာကြီးကြပ်ရေးကော်မတီဝင်များ လိုက်ပါလျက် တာချီလိတ်မြို့၊ တော်ဝင်တာချီလိတ်ပုဂ္ဂလိကဆေးရုံ၊ အစည်းအဝေးခန်းမ၌ ဆေးရုံတာဝန်ရှိသူများနှင့် စက်တင်ဘာလ ၂၃ ရက် ညနေ ၃ နာရီခွဲက အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက အဖွင့်အမှာစကားပြောကြားပြီးနောက် တက်ရောက်လာသည့် ဆေးရုံတာဝန်ရှိသူများနှင့် ကော်မတီဝင်များမှ ကဏ္ဍတစ်ခုချင်းအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဌ ဦးတင်လင်းက လိုအပ်သည်များ ဆွေးနွေးညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်‌ပေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး