
တောင်ကြီး သြဂုတ်-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် သြဂုတ်(၂၄)ရက်နံနက်ပိုင်း တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ထီထိမ်ကျောက်တန်းရေထွက်အား သွားကြည့်ရှုစ်ဆေးကြပြီး ရေထွက်ဦးလမ်းရှိ အမြောက်တပ်မှ ထီသိမ်ကျောက်တန်းရေထွက်အထိ ကိုယ်ထူကိုယ်ထလမ်းခင်းဆောင်ရွက်နိုင်ရန် မူလလမ်းကြောင်းအား ကြည့်ရှုစစ်ဆေး၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ပြည်နယ်ဝန်ကြီးက ရပ်ကွက်မှလိုအပ်သည့်ပစ္စည်းများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ကတ္တရာများကို ပြည်နယ်အစိုးရအဖွဲ့မှ ကူညီထောက်ပံ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြည့်စွက်မှာကြားခဲ့သည်။
အဆိုပါရေထွက်ဦးလမ်းသည် အမြောက်တပ်မှ ထီသိမ်ကျောက်တန်းရေထွက်လမ်းအထိ နဂိုမူလရှိလမ်းအကျယ် (၁၀)ပေသာရှိပြီး ယခုအခါ လမ်းတစ်ဘက်တစ်ချက်ကို (၃)ပေစီထပ်ချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်၍ လမ်းကျယ်(၁၆)ပေဖြစ်ပြီး လမ်းအရှည်ပေ(၆၈၀၀)ရှိကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး