
တောင်ကြီး ဇွန်-၂၅
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများအားလစဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကိုယ် ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက်အလက် များကောက်ယူပေးခြင်းနှင့် စားသောက်ဖွယ်ရာများပေးအပ်ခြင်းများကို ဇွန်(၂၅) ရက်နံနက်(၉)နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားလေ့ကျင့်ရေးရုံ၌ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှုများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက သွားရောက်ကာ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစား(၁) ဦးလျှင် တစ်လစားအုန်းဆီ(၁)ပိဿာ ၆၉၉၀ကျပ်ဖြင့် ရောင်းချပေးနေမှုကိုလည်းကောင်း၊ ခရိုင်၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများအား သောက်ရေသန့်၊ ပေါင်မုန့်နှင့် အချိုရည်များဝေငှပေးနေမှုကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာအချက် အလက်များကောက်ယူ၍ UID ထုတ်ပေးနေမှုကိုလည်းကောင်း၊ ပြည်နယ်ကျန်းမာရေးနှင့်ကူသရေးဦးစီးဌာနမှ ဝန်ထမ်းများမှ နိုင်ငံ့ဝန်ထမ်း အငြိမ်းစား၊ ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက် ပေးနေမှုနှင့် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးပေးနေမှုများကို လည်းကောင်း၊ ပြည်နယ်မွေးရေးနှင့်ကုသရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများအား ကြက်ဥနှင့်ဆီများ ပေးအပ်နေမှုအားလည်ကောင်း ကြည့်ရှုပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများနှင့်တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ယနေ့ ဇွန်လ ၂၅ ရက်နေတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား၊ ပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက် မှုများဆောင်ရွက်ပေးလျက်ရှိပြီး အငြိမ်းစားပင်စင်စားတစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သား၊ ကြက်ဥ အလုံး ၂၀၊ သောက်ရေသန့်၊ အချိုရည်နှင့်ပေါင်မုန့်တို့အား အခမဲ့ပေးအပ်ခဲ့ပြီး နိုင်ငံဝန်ထမ်းအငြိမ်းစားပင်စင်စား ၂၀၀၀ ဦးတို့အတွက် ကြက်ဥ အလုံး ၄၀၀၀၀ နှင့် စားအုန်းဆီ ၅၀ ကျပ်သားဗူး ၂၀၀၀ တို့အား အခမဲ့ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်းသိရှိသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ ပင်စင်လစာ ထုတ်ယူနေမှုကို ကြည့်ရှုအားပေးစကား ပြောကြားပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူရာတွင် ဘဏ်၌ သက်တောင့်သက်သာ ရှိစေရေး၊ ပင်စင်လစာကို အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာဝာာဝန်ရှိသူများက ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်တာဝန်ရှိသူများသည် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူဆောင်လျက်ရှိသည့် တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့ရှိ နမ့်လတ်(တာယောချောင်း) ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှူကို အားသွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက တာယောချောင်း ရေစီးရေလာကောင်းမွန်ရေးအတွက် ချောင်းရေနုတ်မြောင်း အဝင်ပိုင်းပေ(၅၀၀) ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ ပေ(၁၅၀) ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်းရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားဖြူချောင်းသို့သွားသည့် ရေချောင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင် သာယာရေးဌာနတို့ပူးပေါင်း၍ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ရေမြောင်းအတွင်း စက်ယန္တရားများဝင်ရောက်ရန်ခက်ခဲသဖြင့် ဒေသခံပြည်သူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း၊ အမှိုက်စွန့်ပစ်ခြင်းများကိုလည်း စည်းကမ်းစနစ်တကျ စွန့်ပစ်ရေးအသိပညာပေးခြင်း၊ ကြီးကြပ်ခြင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် အမှိုက်စွန့်ပစ်မည့်မြေနေရာကို သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းသတ်မှတ်ပေးရန် လိုအပ်ပါကြောင်း၊ အမှိုက်များမီးမရှို့စေရေးနှင့် အမှိုက်များသဘာဝအတိုင်းလောင်ကျွမ်းပါက သက်ဆိုင်ရာတာဝန် ရှိသူများက မီးများငြိမ်းသတ်ပေးရန် လိုအပ်ကြောင်း၊ ညောင်ရွှေသွားသည့်ကားလမ်းမကြီးဘေးရှိ စျေးဆိုင်တန်းများကိုလည်း စနစ်တကျသပ်သပ်ရပ်ရပ် ရောင်းချမှုရှိရေးနှင့် အမှိုက်များကို စနစ်တကျသိမ်းဆည်းရေး ကြီးကြပ်ဆောင်ရွက်ပေးကြရန် သက်ဆိုရာတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်း၌(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမည့်အခမ်းအနား ပြင်ဆင်နေမှုကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး