တောင်ကြီး     ဖေဖေါ်ဝါရီ-၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော SHAN STATE VOLLEYBALL LEAGUE 2023-2024 ဆုချီးမြှင့်ပွဲကို ဖေဖေါ်ဝါရီ(၁၂)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဆုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသား၊ သင်တန်းသူများ၊ အားကာ(သိပ္ပံတောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ၊ တက်ရောက်ပြီး အမှတ်ပေးချန်ပီယံနောက်ဆုံးပွဲအဖြစ် အားကာ(သိပ္ပံတောင်ကြီး)အသင်းနှင့် အင်းယား+ပုန့်မူအသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြရာ အားကာသိပ္ပံ(တောင်ကြီး)မှ သုံးပွဲပြတ် အနိုင်ရရှိသွားကြောင်းသိရသည်။
ဆက်လက်၍ဆုချီးမြှင့်ပွဲကျင်းပရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား ပိုက်ကျော်ခြင်း (၄)ယောက်တွဲပြိုင်ပွဲ ဆုချီးမြှင့်ရာ အကောင်းဆုံးနောက်ထိန်းဆု၊ အကောင်းဆုံး ပင့်ထောင်ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆုရရှိသူများကို ဆုတံဆိပ်နှင့်ငွေသားဆု၊ ပူးတွဲတတိယဆု ရရှိသော ကန်ရှေ့နှင့် ရွှေတောင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသားဆု၊ ဒုတိယဆုရရှိသော K.Gကလပ်အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ရရှိသူများကို ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်တရားလွှတ်တရားသူကြီးချုပ်တို့က ချီးမြှင့်ပေး၍ လည်းကောင်း၊ ပထမဆုရရှိသော အောင်စည်ကလပ်အသင်းအား ဆုတံဆိပ်နှင့်ငွေသားဆု၊ ဖလားဆုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် SHAN STATE VOLLEYBALL LEAGUE 2023-2024 အမှတ်ပေးပြိုင်ပွဲတွင် ဆုရရှိသော အသင်းများအား ဆုချီးမြှင့်ရာ အကောင်းဆုံးစပေးဘောဆု၊ အကောင်းဆုံးပိတ်ဆို့ဆု၊ အကောင်းဆုံးရိုက်ခုတ်ဆု၊ အကောင်းဆုံးပင့်ထောင်ဆု၊ အကောင်းဆုံးဆယ်မဆု၊ အကောင်းဆုံးအားကစားသမားဆုရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲတွင် နှစ်သိမ်ဆု(၅)ရရှိသော သပြေပင်+ကျွန်းကြီးအသင်း၊ နှစ်သိမ့်ဆု(၄)ရရှိသော အင်းယား+ပုန့်မူ၊ နှစ်သိမ့်ဆု(၃)ရရှိသော လင်းကင်း+ခေါင်တိုင်၊ နှစ်သိမ့်(၂)ရရှိသော သလဲဦး+မိုင်းသောက်၊ နှစ်သိမ့်ဆု(၁)ရရှိသော မိုင်းပျိုး+တောင်တိုအသင်း၊ တတိယဆုရရှိသော ရွာမ+ကေလာအသင်းတို့အား ပြည်နယ်ဝန်ကြီးများမှ ဆုတံဆိပ်နှင့်ငွေသားဆု၊ ဘော်လီဘောဘောလုံး(၃)လုံး ချီးမြှင့်ပေးပြီး ဒုတိယဆုရရှိသော ရွာသာ+တောင်ပို့ကြီးအသင်းအား ဆုတံဆိပ်၊ ငွေသားဆုနှင့် ဘော်လီဘောဘောလုံး(၃)လုံး တို့ကို ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော အားကာ(သိပ္ပံတောင်ကြီး)အသင်းအား ဆုတံဆိပ်၊ ငွေသားဆု၊ ဘော်ဘီဘောဘောလုံး(၃)လုံး၊ အမှတ်ပေးချန်ပီယံ ဆင့်ပွားဖလားနှင့် ချန်ပီယံဖလားဆုတို့ကို ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဆုချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး