Select Page

တောင်ကြီး အောက်တိုဘာ-၁၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automated Cargo Clearance System-MACCS)စနစ် ရှင်းလင်းဆွေးနွေးခြင်းကို အောက်တိုဘာ(၁၁)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံး၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အကောက် ခွန်ဦးစီးဌာနက ရှင်းလင်းဆွေးနွေးပေး   မည့် မြန်မာအလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် (Myanmar Automared Cargo Clearance System -MACCS)ကို ဂျပန်အစိုးရ၏ အကူအညီနှင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တွင် ၂၀၁၆ခုနှစ်က စတင်အသုံးပြုပြီး MACCSစနစ်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြုနိုင်ရေးအတွက် နယ်စပ်ဒေသများသို့ တိုးချဲ့ခဲ့ရာ မြဝတီ၊ မူဆယ် ချင်းရွှေဟော် နယ်စပ်ဒေသတို့တွင် အသုံးပြုနေသည်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ် မူဆယ်၊ ချင်းရွှေဟော်တွင် ၂၀၂၂ခုနှစ် ဧပြီလ(၁)ရက်နေ့က စတင်ပြီး MACCSစနစ် ကျင့်သုံးခဲ့ပါကြောင်း၊ ယခုလို ရှမ်းပြည်နယ်ရှိ တာချီလိတ်နယ်စပ်ဒေသသို့ ထပ်မံတိုးချဲ့ဆောင်ရွက်မည် ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူမိပါ ကြောင်း၊ ယခုMACCSစနစ် တိုးချဲ့အသုံးပြုမည့် တာချီလိတ် နယ်စပ်ဒေသသည် နယ်စပ်ကုန်သွယ်မှု အများဆုံးဝင်ပေါက် တစ်ခုဖြစ်သည့်အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၏ အဓိကကုန်စည် စီးဆင်းရာ ဝင်ပေါက်၊ ထွက်ပေါက်လည်း ဖြစ်ပါကြောင်း၊ တာချီလိတ်နယ်စပ် ဒေသရှိ သွင်းကုန်၊ ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းများကို ယခုလက်ရှိ ဆောင်ရွက်နေသည့် စာရွက် စာတမ်းတင်ပြရသည့် Manual စနစ်မှ Automation အလိုအလျောက်စနစ်ဖြစ်သည့် MACCS စနစ်ကို ပြောင်းလဲကျင့် သုံးခြင်းအပေါ် ယနေ့တက်ရောက်လာသည့် တင်သွင်း၊ တင်ပို့သူလုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ အနေဖြင့် သိရှိရန် လိုပါကြောင်း၊ Automation စနစ်ကျင့်သုံးခြင်းအားဖြင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ပိုမိုလျင်မြန် လာပြီး ဒေသဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ MACCSစနစ်ကို ရှမ်းပြည်နယ်အတွင်း မူဆယ်၊ ချင်းရွှေဟော် နယ်စပ်ဒေသများတွင် အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပြီး ယခုအခါ တာချီလိတ်နယ်စပ်ဒေသသို့ တိုးချဲ့ ဆောင်ရွက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝမ်းမြောက်ကြိုဆို ဂုဏ်ယူမိပါကြောင်းနှင့် ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးနှင့် ကုန်စည်စီးဆင်းမှုအတွက် အထောက်အကူပြုသည့် စနစ်ဖြစ်သည့်အတွက် မိမိတို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တတ်နိုင်သမျှ ပံ့ပိုးပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ အကောက်ခွန်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးမိုးကျော်အေးက MACCS စနစ်အကြောင်း ရှင်းလင်းဆွေးနွေးခြင်းနှင့် တာချီလိတ် နယ်စပ်ဒေသသို့ စနစ်တိုးချဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူ များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး