တောင်ကြီး ဇူလိုင်-၁၂
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၂)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။
ဦးစွာ မြန်မာနိုင်ငံ ဂျွမ်းဘားအဖွဲ့ချုပ်မှ လာ£ရောက်၍ ဂျွမ်းဘားအားကစားနည်းများ သရုပ်ပြသနေမှု ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများ ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်းတို့က မြန်မာနိုင်ငံဂျွမ်းဘားအဖွဲ့ချုပ် နာယက ဦးမြင့်အောင် နှင့် သရုပ်ပြသပေးသော ဂျွမ်းဘားအဖွဲ့၊ ပြိုင်ပွဲစဉ်တစ်လျှောက်လုံး ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအဖြစ် တာချီလိတ်မြို့နယ်အသင်းနှင့် ညောင်ရွှေ မြို့နယ်အသင်းတို့ ယှဥ်ပြိုင်ကစားနေမှုကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး တာချီလိတ်မြို့နယ် အသင်းမှ အနိုင်ရရှိသွားကြောင်း သိရသည်။
ဆက်လက်၍ အကောင်းဆုံးဆုရ အားကစားသမားများအား ဆုချီးမြှင့်ရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံး အားကစား သမားဆုရရှိသူများကို ဆုတံဆိပ်နှင့် ငွေသားကျပ်(၁)သိန်းစီကို ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် ဝန်ကြီးများက ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပူးတွဲတတိယဆုရရှိသော ပင်လောင်းမြို့နယ်အသင်းနှင့် တောင်ကြီးမြို့နယ်အသင်း တို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၅)သိန်းစီတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က ဆုများချီးမြှင့်ပေးအပ်၍ လည်းကောင်း၊ ဒုတိယဆုရရှိသော ညောင်ရွှေ မြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကျပ်(၈)သိန်းတို့ကို ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်က ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ပထမဆုရရှိသော တာချီလိတ်မြို့နယ်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားကျပ်(၁၀)သိန်း၊ ပထမဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ချီးမြှင့်ပေးကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့