တောင်ကြီး မတ်-၁၁
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မတ်(၁၁)ရက်နံနက်(၉)နာရီက တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ Hotel-Training(Housekeeping)နှင့် (Waiter&Waitress)သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအနေဖြင့် ပထမငါးနှစ်စီမံချက် ငါးနှစ်တာကာလမှာ ရှမ်းပြည်နယ်အစိုးရ၏ ထောက်ပံ့ငွေနှင့် သက်မွေးသင်တန်း(၃၀)က သင်တန်းသား၊ သင်တန်းသူ(၆၅၇)ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှုကို တွေ့ရှိရပါကြောင်း၊ ဒုတိယငါးနှစ်စီမံချက်ကာလအတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် သက်မွေးသင်တန်း(၈)မျိုးမှ သင်တန်းသား၊ သင်တန်းသူ(၂၄၀)ဦးကို အလုပ်အကိုင်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင်သက်မွေးသင် တန်း(၆)မျိုးမှ သင်တန်းသား၊သင်တန်းသူ(၁၈၀)ဦးကို အလုပ်အကိုင်များရရှိအောင်ဆက် လက်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ချိန်ခါမှီဓမ္မလုံးကောင် ကျောင်းတိုက်တွင် ဖွင့်လှစ်ပေးခဲ့သည့် လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းနှင့်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတို့မှ သင်တန်းသား၊သင်တန်းသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်ရန်ငွေကျပ် ၁၀.၂၅၉ သန်းထောက်ပံ့ပေးအပ်ခဲ့ပြီး ယခုအခါ လုပ်ငန်းများ လည်ပတ်လျက်ရှိပြီး ဝင်ငွေရရှိနေပြီဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးကော်မတီနာယက၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က Hotel-Training(HouseKeeping)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က Hotel-Training(Waiter& Waitress)သင်တန်းမှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများကနည်းပြများ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးမြို့၊ လူထုအခြေပြုဗဟိုဌာနရှိ ကွန်ပျူတာသင်တန်းခန်းမ၊ အားကစားခန်းမ၊ ပြည်သူ့စာကြည့်တိုက်နှင့် ပြတိုက်ငယ်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား ဖြည့်စွက်မှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သို့သွားရောက်ကာ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမရက် မြန်မာစာဘာသာ ဝင်ရောက်ဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ပထမနေ့ မြန်မာစာဘာသာရပ် ဝင်ရောက်ဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများကို သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုတွင် တောင်ကြီးမြို့နယ်၌ စာစစ်ဌာန(၁၀) ခုရှိပြီးစာရင်းရှိ(၄၁၄၁)ဦး၊ ဖြေဆိုသူ(၃၉၉၄)ဦး၊ ဖြေဆိုရာခိုင်နှုန်း (၉၆.၅%)ရှိပြီး ရှမ်းပြည်နယ်အတွင်း စာစစ်ဌာအရေ အတွက် (၈၈) တွင် စာရင်းရှိ (၁၇၇၆၁) ဦး ဖြေဆိုသူ (၁၇၀၄၂)ဦး၊ ရာခိုင်နှုန်း(၉၅.၉၅%) ရှိကြောင်းသိရသည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စဝ်စံထွန်းဆေးရုံဝင်းအတွင်း သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆေးရုံတာဝန်ရှိသူများအား အဆောက်အဦသစ်ရှိမြေ၊ အုတ်ခဲပုံများနှင့်ဆေးရုံဝင်းအတွင်းရှိ မလိုအပ်သောပစ္စည်းများကို ရှင်းလင်းဆောင်ရွက်ပေးရန်နှင့် အများပြည်သူသုံးအိမ်သာဆော က်လုပ်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီးသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရုံးမှ တောင်ကြီးမြို့၊ BOCဆီဆိုင်၌ Fuel Control System စနစ်အသုံးပြုနည်း သင်တန်းဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။