တောင်ကြီး စက်တင်ဘာ-၂၃
၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ၊ ဘိလိယက်စနူကာပြိုင်ပွဲနှင့် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲများသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်ကိုယ်စားပြု လက်ရွေးစင် အသင်းများအားအောင်နိုင်ရေးအလံပေးအပ်ပွဲကို စက်တင်ဘာလ(၂၃)ရက်၊ နံနက်(၈)နာရီခွဲ အချိန်တွင် တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်အေရိုးဗစ်လက်ရွေးစင်အသင်း၊ ဘိလိယက်နှင့်စနူကာအသင်း၊ အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးလက်ရွေးစင်အသင်းများမှ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပေးကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က နိုင်ငံတော်မှချမှတ်ထားသော တာဝန်ကြီး (၄) ရပ်ဖြစ်သည့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး၊ အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင် အဆင့်အတန်းမြင့်မားစွာ ပါဝင်ယှဥ်ပြိုင်နိုင်ရေးနှင့် အရှေ့တောင်အာရှမှ အာရှအဆင့်၊ အာရှအဆင့်မှ ကမ္ဘာ့အဆင့်ထိ တက်လှမ်းနိုင်အောင် ကြိုးပမ်းရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် ကိုယ်စားပြု အသင်းများက တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်ပေးသွားကြရန် မှာကြားလိုပါကြောင်း၊ ရှမ်းပြည်နယ်၏ အားကစားအဆင့်အတန်း မြင့်မားမှုကို သက်သေထူ ပြသရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် ရှမ်းပြည်နယ် ကိုယ်စားပြုအသင်းများအနေဖြင့် ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသရွေ့ ယှဉ်ပြိုင်လျှင်နိုင်ရမည်ဆိုသည့် စိတ်ဓာတ်ကို ထားရှိမွေးမြူပြီး မိမိပြည်နယ်အတွက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင် ဆောင်ရွက်ခဲ့ကြရန် မှာကြားလိုပါကြောင်း၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို လေးစားလိုက်နာကြပြီး အားကစားစိတ်ဓာတ်ကိုအရင်းခံကာ မိမိတို့၏ အားကစားအရည်အချင်းများကို အကောင်းဆုံး ထုတ်ဖော်ပြသ ယှဥ်ပြိုင်ကစားသွားကြရန်၊ အသင်း၏စည်းလုံးညီညွတ်မှုအား၊ စိတ်ဓါတ်ခွန်အား တို့ဖြင့် ယှဥ်ပြိုင်ကစားပြီး ပထမတံခွန်စိုက်ဆုဖလားကြီးများရယူ၍ ရှမ်းပြည်နယ် ဂုဏ်ဆောင်နိုင်အောင် အထူးကြိုးစား ယှဉ်ပြိုင်ကစားခဲ့ကြရန်ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ရှမ်းပြည်နယ်အေရိုးဗစ် လက်ရွေးစင်အသင်း၊ ဘိလိယက်နှင့်စနူကာအသင်း၊ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံး လက်ရွေးစင် အသင်းတို့ကို အောင်နိုင်ရေးအလံနှင့် ပြိုင်ပွဲကုန်ကျစရိတ်ချီးမြှင့်ငွေများပေးအပ်ရာ အသင်းအုပ်ချုပ်သူနည်းပြနှင့် အားကစားသမားများက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ် အေရိုးဗစ်၊ ဘိလိယက်နှင့်စနူကာအသင်း၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအသင်းများကိုယ်စား တာဝန်ရှိသူတစ်ဦးက ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကိုတင်ပြပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရှိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်မတော်သားမိသားစုဝင်များ ဝင်ငွေတိုးပွားလာစေရေးနှင့် အသေးစား စက်မှုလက်မှု လုပ်ငန်းများပေါ် ထွက်လာရေးအတွက်ရည်ရွယ်ပြီး တောင်ကြီးမြို့၊ သံလွင်ခန်းမ၌ကျင်းပသော ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တပ်မတော်သားမိသားစုဝင်များအတွက်ဖွင့်လှစ်သည့် စက်ချုပ် နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ယခုဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းကိုရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုငွေ ၈,၀၆၇,၀၀ဝိ/- ကျပ်ကို အသုံးပြုသွားမှာဖြစ်ပြီး သင်တန်းတွင် သင်ကြားပို့ချမည့်ဘာသာရပ်များမှာ စက်ကိုင် တွယ်အသုံးပြုနည်းများ၊ Pattern ရေးဆွဲနည်း၊ အမျိုး သမီးဝတ်အင်္ကျီများချုပ်နည်း၊ စက်ချုပ်နည်းအမျိုးမျိုး၊ ကလေးဝတ် သင်္ဘောသားအင်္ကျီ၊ ကလေးဝတ် ဘောင်းဘီ စသည့် အထည်အမျိုးမျိုးချုပ်နည်းတို့ကို စနစ်တကျသင်ကြားပေးသွားမှာဖြစ်ကြောင်း၊ ယခုစက်ချုပ် နည်းပညာသင်တန်းကို ထိရောက်စွာသင်ကြားပေးနိုင်ရန်အတွက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ကြီးကြပ်(၁)ဦးနှင့် ပြင်ပကျွမ်းကျင်နည်းပြ(၁)ဦးတို့ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ဆရာမများ၏ သင်ကြားမှုကို အလေးအနက်ထား လိုက်နာဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းသုံး အထောက်အကူပြုပစ္စည်းများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးတို့ကပေးအပ်ရာ သင်တန်းသူများက အသီးသီးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းနှင့် အပ်ချုပ်စက်များကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ(၂၃)ရက်မှ အောက်တိုဘာလ(၂၂)ရက်အထိ (၁)လကြာ စာတွေ့ ၃၀%နှင့် လက်တွေ့၇၀%သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသူ (၁၉) ဦး တက်ရောက်ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး