
အောင်ပန်း ဇွန်-၂၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်(၂၉)ရက် နံနက်(၉)နာရီခွဲအချိန်တွင် အောင်ပန်းမြို့၊ အမှတ်(၂) တပ်မတော်ဆေးရုံခုတင်(၇၀၀)သို့သွားရောက်၍ ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများ ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။
အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ကျောက်ကပ်လူနာများ ကျောက်ကပ်ဆေးကုသရာတွင် ကုန်ကျစရိတ်များ၍ စရိတ်မျှပေးသည့်အနေဖြင့် ယခုလိုအလှူငွေများ လှူဒါန်းပေးရခြင်းဖြစ်ကြောင်း၊ ဆေးရုံနှင့်စပ်လျဉ်း၍ လိုအပ်သည်များရှိပါက ပေါင်းစပ်ညှိနိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကျောက်ကပ်ဆေးစက်အတွက် အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လည်းကောင်း၊ ကလောခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း ပေးအပ်လှူဒါန်းရာ အမှတ်(၂) တပ်မတော် ဆေးရုံ ခုတင်(၇၀၀)တပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်ကလက်ခံရယူပြီး ကျေးဇူတင်စကား ပြန်လည်ပြောကြား၍ ဆေးကုသဆောင်ရွက်နေမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး