မိုင်းရယ် ဇန်နဝါရီ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းခရိုင် မိုင်းရယ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)အား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ခင်းကျင်းထား ရှိမှုများကို ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီခွဲက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း)တာဝန်ခံ ဦးမြင့်ဦးသည် တာဝန်ရှိသူများလိုက်ပါ၍ မိုင်းရယ်မြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးစိုးမင်းအောင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းဌေးဦးနှင့် အဖွဲ့ဝင်များနှင့်အတူ မိုင်းရယ်မြို့ပေါ်ရှိ မြို့ပေါ်မဲရုံများသို့ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် မိုင်းရယ်မြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်တို့ရှိ မဲရုံ(၅)ရုံတို့ကို စစ်ဆေးကြည့်ရှုခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးက ရပ်ကျေးကော်မရှင်ဉက္ကဌနှင့် အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား မဲပေးရာတွင် စနစ်တကျ မြန်ဆန်မှန်ကန်မှုရှိစေရေး ဆောင်ရွက်ရ မည့်အချက်များ၊ မဲပေးစက်များစနစ်တကျ ကိုင်တွယ်ရမည့်အချက်များ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ အဆိုင်းတိုးမဲရုံ မဲရုံအမှတ်(၃)ရှိ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်စွာ ဆောင်ရွက်ရမည့်အခြေအနေ များကို ရှင်းလင်းမှာကြားခဲ့ပြီး မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။ ထို့နောက် မိုင်းရယ်မြို့နယ်၊ လွယ်ငင်းကျေးရွာ မဲရုံတွင် ကြိုတင်ဆန္ဒမဲ ပေးနေမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
