
ကျောက်မဲ အောက်တိုဘာ-၁၀
တပ်မတော်က ပြည်သူလူထုအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး အစိုးရအုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးနှင့် မြို့ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့် ထူထောင်ရေး လုပ်ငန်းများကို ဒေသခံပြည်သူလူထုနှင့်ပူးပေါင်း၍ အင်တိုက် အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချို-ကျောက်မဲလမ်း ဆက်သွယ်ရေးလမ်းကြောင်းအား ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံပြည်သူများ ပုံမှန်အတိုင်း ပြန်လည်နေထိုင် သွားလာနိုင်ရေးဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
TNLA၊ DPLA အဖွဲ့များနှင့် MDY PDF အမည်ခံအကြမ်းဖက်သမားများသည် ရှမ်းပြည်နယ် (မြောက်ပိုင်း) လမ်းပန်းဆက်သွယ်ရေးနှောက်နှေးစေရန်ရည်ရွယ်ချက်ဖြင့် ကျောက်မဲခရိုင်ရှိ ဂုတ်တွင်းကွန်ကရစ်တံတားအား ယုတ်မာရိုင်းစိုင်းစွာမိုင်းခွဲ ဖျက်ဆီးခဲ့ကြသည်။
အဆိုပါ ကျောက်မဲခရိုင်အတွင်းရှိ ဂုတ်တွင်းကွန်ကရစ်တံတား ပျက်ဆီးမှုနေရာသို့ အောက်တိုဘာလ (၁၀)ရက် နံနက်(၇)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်သည် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများအား တံတားပြန်လည် ပြုပြင်မှုနှင့်စပ်လျဥ်း၍ လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရှေ့တန်းရောက်တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများကိုပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၂) စစ်ဆင်ရေး အထူးအဖွဲ့မှူးဗိုလ်ချုပ် ဇော်မင်းလတ်တို့ကပေးအပ်ရာ တာဝန်ရှိသူများမှ လက်ခံရယူကြသည်။
ထို့နောက် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂)စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ဇော်မင်းလတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ဘက်အရာရှိကြီးများနှင့်တွေ့ဆုံ၍ ကျောက်မဲမြို့ပြန်လည်ထူထောင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောက်မဲမြို့ပြန်လည် ထူထောင်ရေးအတွက် လာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများ ပုံမှန်ပြန်လည်သွားလာနိုင်ရေးနှင့်အခြေခံပစ္စည်းများဖြစ်သည့် ဆန်၊ ဆီရရှိရေး၊ လမ်းပန်းဆက် သွယ်ရေးကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ပါဖြစ်ကြောင်း၊ ကျောင်းများအားလုံး အမြန်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဆရာ၊ ဆရာမများ အမြန်ဆုံးပြန်လည်ရောက်ရှိရေး ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူများ ပြန်လည်ရောက်ရှိလာသည့်အခါ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုများ စိုက်ပျိုးရေးလုပ်ငန်းများတွင် အခက်အခဲမရှိစေရန် မျိုးစေ့များ၊ ဓါတ်မြေသြဇာများ၊ လျှပ်စစ်မီး၊ ရေရှိရေး၊ ဆက်သွယ်ရေးလိုင်းများရရှိရေးတို့ကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့တွင်းလမ်းကောင်းမွန်ရေးကိုလည်း သက်ဆိုင်ရာစည်ပင်သာယာရေးဌာနမှ ဆောင်ရွက်ပေးရန်နှင့် အားလုံးကဝိုင်းဝန်းကြိုးစားပေးကြရန်ပြောကြားလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်များ အမြန်ဆုံးပြန်လည်ထမ်းဆောင်ပြီး ပြည်သူလူထုများလိုအပ်သည့် အခက်အခဲများကို ကူညီဆောင်ရွက်ပေးကြရန်၊ ပြည်သူများအားကိုးအားထားရသော ဌာနဖြစ်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း လိုအပ်ချက်များရှိပါက ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီထံ ဆက်သွယ်ဆောင်ရွက် ပေးကြရန်နှင့်လျှပ်စစ်မီးမရရှိသေးပါက ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဗိုလ်ချုပ် ဇော်မင်းလတ်က အမှာစကားပြောကြားပြီး တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှ လုပ်ငန်းကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံကလေးများ စာတတ်မြောက်နိုင်ရေးအတွက် ပိတ်ရက်များတွင်လည်း အချိန်ပိုသင် ကြားပေးနိုင်ရေးနှင့် ဆရာ၊ ဆရာမများ စားသောက်နေထိုင်ရေးတို့ကို ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဌာနဆိုင်များကလည်း ပျက်စီးဆုံးရှုံးမှုစာရင်းများကို ဦးစားပေးအလိုက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံးတင်ပြပေးရန်၊ အုပ်ချုပ်ရေးအပိုင်းတွင်လည်း လုပ်ငန်းများအမြန်ဆုံးလည်ပတ်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမြန်ဆုံးခန့်ထားဆောင်ရွက်ပေးကြရန် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့ကျက်သရေဆောင် ခန်းမတွင် ဒေသခံပြည်သူလူထုများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ကျောက်မဲမြို့ ပြန်လည်ထူထောင်ရေး၊စာသင်ကျောင်းများအားလုံး အမြန်ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက်လိုအပ်သည် ပစ္စည်းများကို အမြန်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊ဆရာ၊ဆရာမများ လိုအပ် ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ကလေးများကျောင်းနေနိုင်ရေးကို ပြည်သူလူထုများကလည်း ဝိုင်းဝန်းကြိုးစားဆောင် ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ ဒေသ၏ အဓိက အားထားရသည့် စိုက်ပျိုး၊မွှေးမြူရေးလုပ်ငန်းများကို နဂိုမူလအတိုင်းဖြစ်အောင် ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းနှင့်အခြေခံစားသောက်ကုန်၊ စက်သုံးဆီများရရှိအောင်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကဏ္ဍတွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မူလအတိုင်းပြန်လည် လည်ပတ်နိုင်ရေးအမြန်ဆုံးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုများအနေဖြင့် နေရပ်စွန့်ခွာသွားလာရသည့်အတွက် ပျောက်ဆုံးမှုရှိခဲ့သည့် အိမ်ထောင်စုဇယား၊ နိုင်ငံသား စိစစ်ရေးကဒ်ပြားများကိုလည်း အမြန်ပြန်လည်ရရှိရေးဆောင် ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ပြည်သူလူထုအနေဖြင့် အခက်အခဲမျာရှိပါက တင်ပြပေးကြရန်နှင့်လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၂) စစ်ဆင်ရးအထူးအဖွဲ့မှူး ဗိုလ်ချုပ်ဇော်မင်းလတ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က ဒေခံပြည်သူများအား အခြေခံစားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ဒေသခံပြည်သူ လူထုများမှ အသီးသီးလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကာ ပြည်သူ လူထုများအား ရင်းရင်းနှီးနှိးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်မဲမြို့၊အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများအား ငါးမျိုးစပ် ကာကွယ်ဆေး၊ဝက်သက်၊ဂျိုက်တိုးရောဂါကာကွယ် ဆေး၊ပိုလီယိုရောဂါကာကွယ်ဆေးထိုးနှံနေမှုနှင့်ကျောင်းသား၊ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှု၍ ဆရာ၊ဆရာမများအားပြည်နယ်ဝန်ကြီးချုပ်ကချီးမြှင့်ငွေပေးအပ်ခဲ့ကြော င်း သိရသည်။
ယင်းနောက် ကျောက်မဲမြို့ ကွန်ဖြူးရှပ် တရုတ်စာသင်ကျောင်း၌ ယာယီရုံးဖွင့်လှစ်ထားသည့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှပြည် သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုဇယား၊နိုင်ငံသားစိစစ်ရေးကဒ်ပြားဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး ဆောက်လုပ်ရေးဦးစီးဌာနမှ ပျက်စီးသွားသည့် ဧည့်ရိပ်သာသို့သွားရောက် ကြည့်ရှု၍ လိုအပ်သည်များကို တာဝန်ရှိသူများအားဖြည့်စွက်မှာကြားခဲ့ပြီး ကျောက်မဲမြို့ ဗဟိုစျေးသို့သွားရောက် ကာ စျေးရောင်းချနေသော ပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်စကားပြောကြား၍ စျေးအတွင်းလှည့်လည်ကြည့်ရှု ခဲ့ကြကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ လာဘမုနိတရုတ်ဘုံ ကျောင်းတွင် ဖွင့်လှစ်ထားရှိသည့် ယာယီဆေးရုံသို့သွားရောက်၍ ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်ပစ္စည်းများပေးအပ်ကာ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကမ္ဘောဇရှမ်းကျောင်း၊ ကျောင်းတိုက်သို့သွားရောက်ကာ ဆရာတော်၊သံဃာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ငါးပါးသီလခံယူဆောက် တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက လှူဖွယ် ဝတ္ထုပစ္စည်း၊ ဆန်၊ဆီ၊ကုလားပဲ၊ဆားတို့ကိုဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနသို့ သွားရောက်ကာပြည်နယ်ဝန်ကြီးချုပ်က မီးသတ်တပ်ဖွဲ့ဝင်များကိုအားပေးစကားပြောကြား၍ ချီးမြှင့်ငွေပေးအပ်ပြီးမီးသတ်ဝန်ထမ်းအိမ်ရာ ပျက်စီးမှုနှင့်မီးသတ်ကားပျက်စီးမှုတို့ကို လှည့်လည် ကြည့်ရှုကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့သည်။
ထို့နောက် မြို့မရဲစခန်းပျက်စီးသွားမှုကိုသွားရောက် ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က ရဲတပ်ဖွဲ့ဝင်များအားချီးမြှင့်ငွေပေးအပ်ခဲ့ကြောင်းသိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောက်မဲမြို့၊ တရားရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ပြီး ကျောက်မဲမြို့၊ သန့်ရှင်းသာယာလှပရေးနှင့် ချုံ၊ နွယ်၊ မြတ်များကင်းရှင်းရေးအတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှသန့်ရှင်းဆောင် ရွက်နေမှုကို ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်ချိုမြို့၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနတွင် ဌာနဆိုင်ရာများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က မြို့ပြနှင့်စပ်လျဉ်း၍သောက်သုံးရေ၊လျှပ်စစ်မီး၊ဆက်သွယ် ရေးကောင်းမွန်စေရေး ကိစ္စရပ်များကိုဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲရှိပါက တင်ပြပေးကြရန်ပြောကြား သည်။
ယင်းနောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်စပ်လျဥ်း၍ တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပါသည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး