တောင်ကြီး စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်ဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်လမ်းများ ပိုမိုရရှိရေး၊ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်ရေးအတွက် ပေါင်းစပ်ဆောင်ရွက်နိုင်မည့် အစီအမံများအား အကြံပြုဆွေးနွေးနိုင်ရန် စက်တင်ဘာလ (၂၇) ရက်၊ နံနက်(၉)နာရီက ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၃/၂၀၂၅ ကြိမ်မြောက် အစည်းအဝေးကို တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များဖြစ်သည့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ အဆင့်အတန်းနှင့် အရည်အသွေးမြင့်မားတိုးတက်ရေး၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ယဥ်ကျေးမှု အမွေအနှစ်များနှင့် သဘာဝပတ်ဝန်ကျင်းထိန်းသိမ်းရေးတို့ကို ဝိုင်းဝန်းပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရှမ်း ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာများတင်ပြပြီး လုပ်ငန်းကော်မတီများ၏ အဆုံးအဖြတ်ကို ရယူကြကြောင်း သိရသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးကြပြီး ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး