တောင်ကြီး ဇူလိုင်လ၂၄ရက်
ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်သည် သစ်တောရပ်ကွက် အတွင်းရှိ မြေငှါးဂရန်လျှောက်ထားသည့် နေအိမ်သို့ ဇူလိုင်လ(၂၄)ရက်၊ နံနက်(၁၀)နာရီတွင် လျှောက်လွှာပါမြေဧရိယာနှင့် အလား(၄)ရပ် မှန်ကန်မှုရှိ/မရှိတို့ကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့၊ တောင်ကြီးမြို့နယ်မှ မြို့နယ်ဒုတိယဦးစီးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး