
တောင်ကြီး ဩဂုတ်-၂၄
တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ဩဂုတ်လ(၂၄)ရက်ညနေ (၂)နာရီ၌ ရွှေညောင်မြို့၌ ဖူဆယ်ဘောလုံးကွင်း ဆောင်ရွက်မည့် နေရာနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်ကြီးမြို့နယ်/ ရွှေညောင်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်မှ အတူလိုက်ပါတက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး