လားရှိုး ဇူလိုင်-၁၇
လားရှိုးမြို့၊ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းတွင် ဇူလိုင်လ(၁၇)ရက် နံနက် (၁၀)နာရီ၌ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ခေတ္တဥက္ကဌ ရဲမှူးကြီးသန့်ဇင်သည် တိုင်းဦးစီးချုပ်၊ ပစခ အဖွဲဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးကိစ္စနှင့်ပတ်သက်၍ လားရှိုးခရိုင်၊ မူဆယ်ခရိုင်၊ တန့်ယန်းခရိုင်တို့နှင့် Vitrual Zoom Meeting စနစ်ဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ (၁၁) ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး