
ရွာငံ စက်တင်ဘာ ၁၁
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ရွာငံမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊Community Centreခန်းမတွင်စက်တင်ဘာ ၁၁ရက် နေ့လည်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်ပြည့်ဖြိုးသန့်ကကလေးများစာဖတ်နိုင်စွမ်းရည်၊မှတ်နိုင်စွမ်းရည်ကိုစစ်ဆေးခြင်း၊မိမိတို့ဖတ်မိသမျှ၊မှတ်သားမိသမျှကိုပြန်လည်မျှဝေတတ်စေရန်နှင့်စာပေ၏တန်ဖိုးကိုနားလည်လာ၍စာဖတ်လိုစိတ်များတိုးပွားလာစေရန်စသည့်ရည်ရွယ်ချက်များဖြင့်စာဖတ်စွမ်းရည်ပြိုင်ပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားသည်။ထို့နောက်ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍သုတ၊ရသစာအုပ်များကိုငှားရမ်းဖတ်ရှု့နေသည့်ကျောင်းသူလေးများကမိမိတို့ဖတ်ရှု့ထားသည့် စာအုပ်များမှအသိပညာဗဟုသုတများရရှိသည့်အကြောင်းအရာများဖြင့်ဝင်ရောက်ယှဥ်ပြိုင်ကြရာအမှတ်တရလက်ဆောင်များကိုပြန်လည်ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး