ရွာငံ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကိုဒီဇင်ဘာ(၁၃)ရက် နံနက် ၆ နာရီကပြုလုပ်ခဲ့သည်။
လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးသိန်းဆိုင်က ဦးဆောင်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား /ကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ရွာငံမြို့ ၊ မြို့ဦးမင်္ဂလာကျောင်းကြီးရှေ့ ၊ ပြည်သာယာလမ်းမ၌ စုရပ်အဖြစ်သတ်မှတ်ကာ စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး အထက(ရွာငံ)ကျောင်းဝန်းအတွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းများ ၊ သွေးပူလေ့ကျင့်ခန်းများစုပေါင်း ပြုလုပ်ခဲ့ကြသည်။
ဆက်လက်၍ ရွာငံမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများပညာ ပေးသင်တန်းကို နံနက် (၉) နာရီက အထက(ရွာငံ) ပြဒါးလင်းခန်းမ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီဥက္ကဌ ဦးသိန်းဆိုင်ကအဖွင့်အမှာစကား ပြောကြားရာ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲများ ဖြစ်စေရန် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်သွားရန်၊ မဲပေးခြင်းလုပ်ငန်းစဉ်တွင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးရတဲ့ ကြိုတင်ဆန္ဒမဲနှင့်MEVM စက်ဖြင့်မဲပေးရသည့် မဲရုံမဲ နှစ်မျိုးရှိရာ မဲရုံမှာတာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအနေဖြင့် ပို့ချလိုက်သည့်သင်ခန်းစာများကို လိုက်နာဆောင်ရွက်သွားပြီး ရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်ရွာငံမြို့နယ်တွင် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင်အပိုင်း(၂) အနေဖြင့်ကျင်းပသွားမည်ဖြစ်ရာ ရပ်/ကျေးကြိုတင်မဲများကို
(၁-၁-၂၀၂၆) ရက်နေ့မှ(၁၀-၁-၂၀၂၆) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများမှာ ဆောင်ရွက်သွားမည်ဖြစ်သည်။ အဆိုပါသင်တန်းတွင်သင်တန်းသား၊ သင်တန်းသူ ၁၄၂ ဦးဖြင့် ဒီဇင်ဘာ (၁၃)ရက်မှ (၁၄)ရက်အထိ ပို့ချ အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
