ရပ်စောက် ဒီဇင်ဘာ-၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များကနေအိမ်များနှင့် ရပ်ကွက်ကျေးရွာများအတွင်းရှိမဲဆန္ဒရှင် စာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးနေမှုအခြေအနေများကိုယနေ့နံနက်ပိုင်းတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ ကြသည်။
ဦးစွာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကြေညာထားရှိမှုအခြေအနေများနှင့် ရပ်စောက်မြို့နယ်ရှိ မြို့ဦးရပ်ကွက်၊ ဇော်ဂျီရပ်ကွက်နှင့် ဥတ္တံတား ရပ်ကွက် နေအိမ်များအတွင်း၌ မဲစာရင်းမှန်ကန်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအား သက်ဆိုင်ရာဌာန များအသီးသီးမှ ဝန်ထမ်းများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက တစ်အိမ်တက်တစ်အိမ်ဆင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်နေသည့် အဖွဲ့များအား တွေ့ဆုံပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်များ ပေါင်းစပ်ညှိုနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး