ရပ်စောက် ဒီဇင်ဘာ-၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ အားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ(၁၃)ရက် နံနက် ၅ နာရီခွဲတွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲကိုမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများက မင်းကြီးသုံးပါးဂိတ်စုရပ် နေရာမှစတင်၍ ဗထူးဂေါက်လေ့ကျင့်ရေးကွင်းအထိ စုပေါင်း၍လမ်းလျှောက်ခဲ့ကြသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြတ်သူနှင့် တာဝန်ရှိသူများ က မင်းကြီးသုံးပါးစုရပ်နေရာတွင် ကိုယ်လက်ကြံ့ခိုင်ရေး အကြောလျှော့ လေ့ကျင့်ခန်းကို စုပေါင်းပြု လုပ်ခဲ့ပြီး မီတာ (၁၀၀) အပြေးပြိုင်ခြင်းနှင့် အပျော်တမ်း ဂိုးကျဥ်းဘောလုံး ကန်သွင်းခြင်းတို့ ပြုလုပ် ခဲ့ကာ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲအား စုစုပေါင်းအင်အား (၃၅၀)ဦးခန့် ပါဝင်ဆင်နွဲ့ခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
