ရပ်စောက် နိုဝင်ဘာ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် ရပ်စောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ မြို့နယ် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ(၂၆)ရက် နံနက် ၉ နာရီက ရဿဝတီ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းစိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်(ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံ) ဦးခင်မောင်ဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ထားရှိမှုအခြေအနေကို တင်ပြခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးနိုင်းအွမ်က ရွေးကောက်ပွဲ ဆိုင်ရာကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ ကြသည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ကာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံ မှ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး
