
တောင်ကြီး ဇွန်-၁၆
မြန်မာ့လက်ရွေးစင်ပဏာမ(က)နှင့်(ခ)အသင်း၂၀၂၅ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ညွ့န်ပေါင်းလက်ရွေးစင်(က)နှင့်(ခ)အသင်းတို့၏ဘော်လီဘောပြိုင်ပွဲဗိုလ်ပွဲနှင့်ဆုချီးမြှင့်ခြင်းကိုဇွန်(၁၅)ရက်ညနေ(၄)နာရီကတောင်ကြီးမြို့၊ပြည်နယ်အားကစားလေ့ကျင့်ရုံ၌ကျင်းပရာရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်၊ပြည်နယ်ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊တောင်ကြီးပညာရေးဒီဂရီကောလိပ်မှသင်တန်းသား၊သင်တန်းသူများ၊သူနာပြုသင်တန်းကျောင်းမှသင်တန်သား၊သင်တန်းသူများ၊အားကသိပ္ပံ(တောင်ကြီး)မှကျောင်းသား၊ကျောင်းသူများ၊ဒေသခံပြည်ငူများ၊အားကစားဝါသနာရှင်များကြည့်ရှုအားပေးကြသည်။
ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပရာ၂၀၂၅ခုနှစ်တိုင်းဒေသကြီးနှင့်ပြည်နယ်ညွ့န်ပေါင်းလက်ရွေးစင်(က)နှင့်(ခ)အသင်းတို့ယှဥ်ပြိုင်ကစားကြရာ(ခ)အသင်းမှသုံးပွဲပြတ်အနိုင်ရရှိသွားကြောင်းသိရသည်။
ဆက်လက်၍မြန်မာ့လက်ရွေးစင်ပမာဏာ(က)အသင်းနှင့်(ခ)အသင်းတို့ယှဥ်ပြိုင်ကစားကြရာ(က)အသင်းမှသုံးပွဲနှစ်ပွဲဖြင့်အနိုင်ရရှိသွားကြောင်းသိရသည်။
ထို့နောက်ဆုချီးမြှင့်ပွဲကျင်းပရာပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသောဒိုင်လူကြီးများအားဂုဏ်ပြုဆုငွေ(၄)သိန်းကျပ်ကိုမြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တွဲဘက်အတွင်းရေးမှူးဦးတင်မောင်လွင်ကလည်းကောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲကထပ်ဆင့်ချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုပြည်နယ်ဥပဒေချုပ်ကလည်းကောင်း၊နည်းပြအဖွဲ့ဝင်များအားဂုဏ်ပြုဆုငွေ(၄)သိန်းကျပ်ကိုမြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တွဲဘက်အတွင်းရေးမှူး(၁)ဦးဇော်လွင်ဦးကလည်းကောင်းချီးမြှင့်ပေးကြသည်။
၎င်းနောက်အကောင်းဆုံးဆုများပေးအပ်ချီးမြှင့်ရာအကောင်းဆုံးစပေးဘောဆုရရှိသူတိုင်းဒေသကြီးပြည်နယ်ညွ့န်ပေါင်းလက်ရွေးစင်(က)အသင်းမှမြတ်သူအောင်၊အကောင်းဆုံးခုခံဆယ်မဆုရရှိသူ(ခ)အသင်းမှအောင်မြတ်ဖြိုး၊အကောင်းဆုံးပိတ်ဆို့ဆုရရှိသူ(ခ)အသင်းမှထွန်းနိုင်စိုးတို့ကိုဆုတံဆိပ်နှင့်ငွေသားဆုကိုရှမ်းပြည်နယ်ဘော်လီဘောဆပ်ကော်မတီဒုတိယဥက္ကဋ္ဌကလည်းကောင်း၊အကောင်းဆုံးပင့်ထောင်ဆုရရှိသူ(ခ)အသင်းမှကျော်ဇေယျာမြင့်၊အကောင်းဆုံးရိုက်ခုတ်ဆုရရှိသူ(ခ)အသင်းမှမောင်ရှိုင်းဝေလင်းအောင်၊ပွဲစဥ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုရရှိသူ(က)အသင်းမှမောင်ထက်မြတ်အောင်တို့အားဆုတံဆိပ်နှင့်ငွေသားဆုကိုရှမ်းပြည်နယ်ဘော်လီဘောဥက္ကဋ္ဌတို့မှဆုချီးမြှင့်ပေးကြသည်။
ယင်းနောက်စတုတ္တဆုရရှိသောတိုင်းဒေသကြီးနှင့်ပြည်နယ်ညွန့်ပေါင်းလက်ရွေးစင်(က)အသင်းအားငွေသားဆုကျပ်(၁၀)သိန်းကိုပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထပ်ချီးမြှင့်ငွေကျပ်(၁၀)ကိုပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊တတိယဆုရရှိသော(ခ)အသင်းအားတစ်ဦးချင်းဆုတံဆိပ်ကိုပြည်နယ်လူမှုရေးရာဝန်ကြီးမှလည်းကောင်း၊ငွေသားဆုကျပ်သိန်း(၂၀)ကိုမြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ(၃)မှလည်းကောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထပ်ဆင့်ချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုပြည်နယ်စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ဒုတိယဆုရရှိသောမြန်မာ့လက်ရွေးစင်ပဏာမ(ခ)အသင်းအားတစ်ဦးချင်းဆုတံဆိပ်ကိုမြန်မာ့နိုင်ငံဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌမှလည်းကောင်း၊ငွေသားဆုကျပ်သိန်း(၃၀)ကိုဒုတိယဥက္ကဋ္ဌကလည်းကောင်း၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထပ်ဆင့်ချီးမြှင့်ငွေကျပ်(၁၀)သိန်းကိုပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ကချီးမြှင့်ပေးကြသည်။
ထိုနောက်ပထမဆုရရှိသောမြန်မာ့လက်ရွေးစင်ပဏာမ(က)အသင်းအားတစ်ဦးချင်းဆုတံဆိပ်ငွေသားဆုကျပ်သိန်း(၄၀)ဆုဖလားနှင့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကထပ်ဆင့်ချီးမြှင့်ငွေကျပ်(၁၀)သိန်းတို့ကိုရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကချီးမြှင့်ပေးကြောင်းသိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး