ကျိုင်းတုံ ဇွန်-၁၆
မြန်မာအီလက်ထရောနစ်မဲပေးစက် ( Myanmar Electronic Voting Machine – MEVM ) စက်များကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇွန်လ( ၁၆ ) ရက် နံနက်( ၉ ) နာရီခွဲတွင် ကျိုင်းတုံမြို့၊ အမှတ် ( ၃ ) ရပ်ကွက်ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
၎င်းအခမ်းအနားကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ဥက္ကဌ၊ ဦးတင်လင်း သည် တြိဂံဒေသတိုင်းစစ်ဌာန ချုပ်၊ တိုင်းမှူးနှင့် စစ်ဘက်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်လွင်ဦး နှင့် ဦးမြင့်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ၊ ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ပြည်သူ့ရှေ့ ဆောင်ပါတီ၊ “ဝ” အမျိုးသားပါတီတို့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စုစုပေါင်း(၃၅၀)ဦးခန့်နှင့်အတူတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ဦးအောင်လွင်ဦး မှ (၂၀၂၀) ခုနှစ်အထွေထွေရွေးကောက်ပွဲ မဲစာရင်းမှားယွင်းမှုဖြစ်စဉ်၊ မဲစာရင်းကောက်ယူမှုများနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM ) စက်များဆိုင်ရာအကြောင်းရှင်းလင်းပြောကြားခြင်း၊ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine -MEVM)စက် အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်ခဲ့ခြင်းများတွင် အတူလိုက်ပါဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး