နောင်တရား စက်တင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု စိန်ပန်းကျေးရွာ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမက်ကြီး H.E Mr.Mongkol Visitstump နှင့် ဇနီး Mrs.Dang Thi Thu Ha၊ သံရုံးအဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များက စက်တင်ဘာ ၃ရက် နံနက်ပိုင်းတွင် ကွင်းဆင်းလေ့လာ ကြသည်။
အဆိုပါလေ့လာရေးအဖွဲ့သည် စိန်းပန်းဘုန်းတော်ကြီးကျောင်းအနီး၌ မယ့်ဖားလုံဖောင် ဒေးရှင်းမှ ပံ့ပိုးထားသည့် စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူးရေးကျွဲ၊ နွားများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် ကျောင်းတိုက်အနီးရှိ စိုက်ပျိုးထားသည့် စီမံကိန်းကော်ဖီခြံကို ကြည့်ရူလေ့လာကာ မယ့်ဖားလုံဖောင်ဒေးရှင်းအဖွဲ့မှ Chief Development Execution Officer Mr. Narong Apichai နှင့်ကွင်းဆင်းတာဝန်ခံ မိုင်းရဲမင်းကျော်မှ သီးနှံစိုက်ပျိုးထုတ်လုပ်နိုင်မှု၊ အထွက်နှုန်း၊ ဈေးကွက်အတွင်း ပြန်လည်ရောင်းချနိုင်မှု အခြေအနေများကို ထိုင်းဘာသာစကားဖြင့် ရှင်းလင်းတင်ပြပြီး သံအမက်ကြီးနှင့် အဖွဲ့ဝင်များက စီမံကိန်းဒေသ စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။ ထို့နောက် သံအမှတ်ကြီးနှင့်ဒေသခံပြည်သူများက သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြက်များထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ သည်။ စီမံကိန်းဒေသလေ့လားရေးအဖွဲ့များက ဒေသခံမွေးမြူရေးတောင်သူများကို မွေးမြူရေးကျွဲ၊ နွားများပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး