
မောက်မယ် စက်တင်ဘာ ၁၅
မောက်မယ်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဥက္ကဋ္ဌ ( မြို့နယ်အုပ်ချုပ်ရေးမှူး ) ဦးမင်းသက်နိုင်သည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာလ ၁၅ ရက် ၁၀နာရီက မြို့နယ်၏အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် အထက်ဌာနများမှ လမ်းညွှန်မှာကြားချက် များအားလည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ် များဆောင်ရွက်ထားရှိမှုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလားမိုးရာသီ ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရန်စီစဉ်ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ကျင်းပ ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ချပြရှင်းလင်းခဲ့ပါကြောင်းနှင့် အစည်းအဝေးသို့ ဖိတ်ကြား ထားသူများ အပါအဝင်(၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး