မောက်မယ် ဒီဇင်ဘာ ၂၀
တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူများကိုယ်လက်လှုပ်ရှား ခြင်းဖြင့်ကျန်းမာကြံ့ခိုင် စေရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ၂၀၂၅ခုနှစ်ဒီဇင်ဘာအားကစားလ တတိယပတ်လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ(၂၀)ရက် နံနက်၅နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ထိုလမ်းလျှောက်ပွဲကို မြို့နယ်အားကစားကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များနှင့် ပြည်သူများပါဝင်သော မြို့နယ်စုပေါင်းရုံးတွင်စုရပ်အဖြစ်လူစုပြီး မောက်မယ်−ဝမ်ဟတ်−လင်းခေးကား လမ်းအတိုင်း လွိုင်မွန်းတောင်ခြေအထိ အသွားအပြန်(၃)မိုင်ခန့်လမ်းလျှောက်၍ အ.ထ.က(မောက်မယ်) ကျောင်းရှေ့တွင် ကံစမ်းမဲလက်မှတ်များနှင့်ခေါပုတ်ထုတ်များဝေငှပေးခဲ့ပြီး ထိုကျောင်းဝန်းအတွင်း၌ ကိုယ်လက်လှုပ်ရှားအားကစားနှင့်အကြောလျှော့လေ့ကျင့်ခန်းများစုပေါင်းပြုလုပ်ကြရာ မြို့နယ်နမ့်ယွမ်း ဂေါက်ကွင်းတွင် ပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကိုဆက်လက်ကျင်းပပေးခဲ့ပြီး ဆုများကို ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့
