
မောက်မယ်၊ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ တွင် မွေးကင်းစမှအသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံခြင်းကို နိုဝင်ဘာလ၅ရက် နံနက် ၈ နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည်။
အဆိုပါ ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်းများက စနစ်တကျ မှတ်တမ်းရေးသွင်းခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်းနှင့် လစဉ် ပုံမှန်ထိုးနှံရမည့်ကာကွယ်ဆေးများ အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး