မောက်မယ် ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌၂၀၂၆ခုနှစ်ဇန်နဝါရီလ(၄)ရက် နေ့တွင်ကျရောက်သည့်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော် အလံအလေးပြုခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ နံနက် ၄နာရီမိနစ်၂၀တွင်(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်း အနားကိုကျင်းပရာမြန်မာနိုင်ငံရဲဂုဏ်ပြုတပ်ဖွဲ့ကနိုင်ငံတော်အလံကိုလွှင့်တင်ခဲ့သည်။ ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လူမှုရေးအသင်းအဖွဲ့ များတို့က နိုင်ငံတော်အလံကိုအလေးပြုကြသည်။
ဆက်လက်ပြီး နံနက်၈နာရီတွင် မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော(၇၈)နှစ် မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ပွဲအခမ်းအနား ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က ဖတ်ကြားပြီး(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာကျောင်းများမှအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွင်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပြီး ကျောင်းသူလေးများကတေးသရုပ်ဖော်တိုင်းရင်းသားရိုးရာ အကအလှများ ဖြင့် ကပြဖျော်ဖြေခဲ့ကြရာ ကာယ၊ ဉာဏပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဆက်လက်ကျင်းပ သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများအားဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက နံရံကပ်စာစောင်၊ ဓာတ်ပုံများပြသပြီး သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့