
မောက်မယ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့်လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေလူငယ်များ အတွက် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး လုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မောက်မယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖေါ်ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ အထောက်အကူပြု သဘာဝမြေသြဇာထုတ်လုပ်နည်းသင်တန်းအခမ်းအနားကို စက်တင်ဘာ ၉ ရက် နံနက် ၁၀ နာရီကအဆိုပါ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စုစုလင်းနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးမင်းသက်နိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစွမ်းရည်ထူးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များ၊ သင်ကြားမည့်အစီအစဉ် များနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများက သင်တန်းဆရာနှင့်သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများအသီးသီးပေးအပ်၍ စုပေါင်းမှတ် တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ မောက်မယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် နေ့လည်၂နာရီ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ( မြို့ပေါ်လုံခြုံရေး ) အဖွဲ့ဝင်များအတွက် (၁)ဦးချင်းနေ့တွက်စရိတ်ငွေများ ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမင်းသက်နိုင်မှ အမှာစကားပြောကြားခဲ့ပြီး၊မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးမြင့်ဇော် မှ ၂၀၂၅ခုနှစ်၊ဩဂုတ်လအတွက်(၁)ဦးချင်းနေ့တွက်စရိတ်ငွေများ ပေးအပ်ဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ စုစုပေါင်းအင်အား( ၅၅ )ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး