
မောက်မယ် သြဂုတ် ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံလူငယ်လူရွယ် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်မှု ရှိစေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်ပြပွဲ အခမ်းအနားကို သြဂုတ်လ(၇)ရက် နေ့လယ်၁နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြ ရမည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်လာစေရန် လိုက်နာကျင့်သုံးရမည့် ပြည်သူ့နီတိကျင့်ထုံး များ၊ ပြုမှုကျင့်သုံးလိုက်နာရမည့်ဂါရဝတရား၊ နိဝါတတရားများ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရား စသည့် ကိုယ်နှုတ်စိတ်သုံးပါးမှ ပြုမှုနေထိုင်ကျင့်ကြံရမည့်အကြောင်းအရာများ ၊ လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင်စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့်ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေ ရေးတို့နှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး ဟောပြောပွဲသို့တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်များနှင့် လူငယ်ရေးရာ ဆိုင်ရာအသိပညာပေး၊ ပလပ်စတစ်အသုံးပြုမှုလျော့ချရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးအဖွဲ့ရုံး