မောက်မယ် အောက်တိုဘာ ၁၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊မောက်မယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး ကျင်းပသည့် ရပ်ကွက်အတွင်းရှိမဲဆန္ဒရှင်ပြည်သူများအား ဒုတိယအကြိမ် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုနည်း အသိပညာပေး ဟောပြောပွဲကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေး ခရိုင်၊ မောက်မယ်မြို့နယ် နမ့်ယွမ်းခန်းမ၌ အောက်တိုဘာ၁၄ရက် နံနက်၉နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ မြို့နယ်စီမံခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သင်းသင်းနိုင်က ရွေးကောက်ပွဲ ကျင်းပမည့် ကဏ္ဍဆိုင်ရာအပိုင်းများရှင်းလင်းပြောကြား၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဒေါ်နန်းမွမ်းလောဝ်ခမ်းက မဲဆန္ဒရှင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် အဆင့်ဆင့် သုံးစွဲပုံများ၊ မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးစက်တပ်ဆင်ပုံ၊ မဲပေးချိန်နှင့်မဲရေတွက်ချိန်တို့တွင် ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုပုံနည်းစနစ်များ၊ မဲပေးမှုနည်းလမ်းရိုးရှင်းလွယ်ကူခြင်း၊ အချိန်တိုအတွင်း မဲရလဒ်ရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များ ရရှိနိုင်ခြင်း၊ ပယ်မဲမရှိခြင်း၊ ရွေးကောက်ပွဲရလဒ် ကိုလည်း အချိန်တိုအတွင်းကြေညာပေးနိုင်မည်ဖြစ်ကြောင်းကို ရှမ်းဘာသာစကားဖြင့် အသိပညာပေး ရှင်းလင်းပြီးနောက် တက်ရောက်လာကြသည့် ရပ်ကွက်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာ အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ အဆင့်ဆင့်ဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့