‎‎
မောက်မယ် ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုး ရေးသုံးပစ္စည်းများရောင်းသည့် ဆိုင်ပိုင်ရှင်များအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ ရှင်းလင်းပွဲကို ဇန်နဝါရီ ၂၂ရက် မွန်းလွှဲ ၁ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး လင်းခေးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဆွေဇင်မြင့်က စိုက်ပျိုး ရေးသုံးပစ္စည်းများရောင်းသည့် ဆိုင်ပိုင်ရှင်များအား မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးဆိုင်ရာဥပဒေ အကြောင်းအရာများကို ပရိုဂျက်တာနှင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး